Unicode
ယဲဖန်သည် စစ်တပ်ဧရိယာရှိ သိုလှောင်ရုံထဲသို့ ကျန်းဝန်ထောက်နောက်မှ လိုက်သွားခဲ့သည်။ ထိုနေရာသို့ ရောက်လာပြီးနောက် ယဲဖန်က နဂါးကျားတောင်သည် စစ်တပ်ရှိ အထူးဌာနအချို့နှင့် ပူးပေါင်းကာ အထူးကိစ္စရပ်များတွင် ကူညီဖြေရှင်းပေးနေသည်ကို တွေ့ရှိခဲ့ရလေသည်။ စစ်တပ်ကလဲ နဂါးကျားတောင်အတွက် အထူးပစ္စည်းတစ်ချို့ကို စုဆောင်းပေးနေလေသည်။
"ယင်သေဆုံးခြင်းသစ်သား" ယဲဖန်က သစ်သားပိုင်းတစ်ခုအား ကိုင်ရင်း ကျေနပ်စွာ ခေါင်းငြိမ့်နေလေသည်။
ကျန်းဝန်ထောက်က သူ့အား ကြည့်ရင်း "သခင်လေးယဲ မင်းကြိုက်တာ တစ်ခုခုရှိလား"
ယဲဖန်က ခေါင်းငြိမ့်ကာ "ရှိတယ်။သေချာတာပေါ့" ယင်သေဆုံးခြင်းသစ်သားက တစ္ဆေကျင့်ကြံသူများအတွက် အနှစ်သက်ဆုံးပစ္စည်း ဖြစ်လေသည်။ နှစ်တိုင်း သူတို့က ဒီလိုပစ္စည်းများကို စျေးကောင်းကောင်းဖြင့် စုဆောင်းကြပေလိမ့်မည်။ ဒီသစ်သားကို ဝိညာဥ်အသက်သွင်းအောင်လံတံခွန်ကို သန့်စင်ရာတွင် အသုံးပြုကြလေသည်။ တစ္ဆေသေဆုံးခြင်းသစ်သားနှင့်ဆို ၎င်းက ၁၀၀% သန့်စင်ပြီးသားပင် ဖြစ်သည်။
"ဒါလား"
"ဒါက ပင့်ကူပိုးချည်မျှင်လေ။ မောက်ကျန့်က အထူးပင့်ကူအမျိုးအစားရဲ့ ပိုးချည်မျှင်လေ။ ဒါက အဆိပ်ရှိတယ်။ ဒါပေမဲ့ မင်းသာ ကောင်းကောင်းအသုံးချမယ်ဆို လက်နက်တစ်ခုတော့ ဖြစ်လာနိုင်တယ်"
ယဲဖန်က မျက်တောင်ခတ်ကာ အနက်ရောင်ပိုးချည်မျှင်လုံးကို ထိရန် လက်လှမ်းလိုက်လေသည်။ သူထိပြီး မကြာမီ သူ့ကိုယ်ထဲသို့ အေးစက်သည့်ခံစားချက်များဝင်လာလေသည်။
ယဲဖန်က သူ့ဘာသာပြောလိုက်လေသည် 'ဒါက ယင်ဝိညာဥ်ပင့်ကူက ထုတ်ထားတဲ့ ယင်ဝိညာဥ်ပိုးချည်မျှင်ဖြစ်သင့်တာ။ သူတို့ကျင့်ကြံရေးကမ္ဘာတွင် အလုံးသေးသေးလေးကတောင် ဝိညာဥ်ကျောက်တုံးရာပေါင်းများစွာ တန်ဖိုးရှိလေသည်။ အဲ့ဒါက ဒီမှာကော ရှိတာလား။ ဝိညာဥ်ချီစွမ်းအင်တွေက ပါးသော်လည်း တကယ့်ကို အသုံးဝင်တဲ့ အရာအများကြီးတော့ ရှိသေးတာပဲ။ ဒီကမ္ဘာတွင် ကျင့်ကြံသူအနည်းငယ်သာ ရှိတာကြောင့် ပြိုင်ဆိုင်မှု ဖိအားက နည်းပါးလေသည်။ ဒီလိုနည်းနဲ့ တစ်နေ့တော့ တိုးတက်လာဖို့ မျှော်လင့်ချက်ရှိပါသေးတယ်'
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Phiêu lưu"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...