ဆောင်းရာသီညတစ်ခုရဲ့ ပတ်ဝန်းကျင်ကပြောစရာမလိုလောက်အောင် အေးစိမ့်လို့နေသည်။
အထူးသဖြင့် ဒီနေ့လို နှင်းတွေတဖွဲဖွဲကျနေတဲ့နေ့တွေမှာပေါ့။ Coffee ဆိုင်လေးတစ်ခုရဲ့ counter နောက်မှာရပ်နေရင်း တဖွါးဖွါးကျနေတဲ့ နှင်းမှုန်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့ရဲ့ တစ်စွန်းတစ်စ မြင်ကွင်းကိုကြည့်နေမိတယ်။
ပထမဆုံးနှင်းကျတဲ့ ရက်ဖြစ်ပေမဲ့ နှင်းစက်တို့က အသည်းအသန်ဆင်းသက်နေကြသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံးကို မှုန်ဝါးစေသည့်အထိ။
ရာသီဥတုအခြေအနေကြောင့် coffee ဆိုင်လေးထဲမှာလည်း ဝယ်သူ တစ်ဦးမျှ မရှိတော့ချေ။ ပုံမှန်ပိတ်ချိန်ထက် နည်းနည်းစောကာ လူပါးနေတာကြောင့် သူလည်းမထူးတော့ပဲ တစ်ခါထဲ ဆိုင်ပိတ်ရန်သာ ဆုံးဖြတ်လိုက်လေသည်။
အဆက်မပြတ် ကျဆင်းနေတဲ့ နှင်းစက်တွေကိုကြည့်ရင်း ကော်ဖီဆိုင် တံခါးဝနားမှာ Jaemin တစ်ယောက်ချိတုံချတုံဖြစ်နေလေသည်။
' နှင်းတွေကလည်း ဆက်တိုက်ကိုကျနေတော့တာပဲ။ ဒီပုံစံအတိုင်းဆို ငါ့ကလေးတွေအတွက် အစာဝယ်နေကျ ဆိုင်က ပိတ်သွားရင် ဘယ်လိုလုပ်မလဲ။ '
Jaemin ဆီမှာ Luna နဲ့ Lucy လို့ခေါ်တဲ့ ကြောင်မလေးနှစ်ကောင်နဲ့ Luke လို့ ခေါ်တဲ့ ကြောင်အထီးလေးတစ်ကောင်ရှိတယ်။ Jaemin အတွက်ကတော့ ချစ်သူရည်းစားလည်းမလိုသလို သူငယ်ချင်းအပေါင်းအသင်းဆိုတာကလည်း သူ့ကလေးလေးတွေရှိလာပြီး နောက်ပိုင်း အသေးအဖွဲသာပင်။
သူ့ဘဝမှာ ဘာလုပ်လုပ် ဘာစားစား အိမ်က ကြောင်ကလေးသုံးကောင်ကပဲ ခေါင်းထဲရှိတာမို့ Jaemin ဘဝ မှာတော့ သူ့ကလေးလေးတွေထပ်အရေးကြီးတဲ့ လူမျိုးမရှိသေးချေ။
နောက်ဆုံးမှာတော့ သူ့ကြောင်လေးတွေကိုသာ ဦးစားပေးဖြစ်နေတဲ့ Jaemin က ဆိုင်ကိုတောင် ပြီးအောင်မပိတ်နိုင်တော့ပဲ အစာဝယ်နေကျ ဆိုင်ဖက်ကိုအမြန် ထွက်လာမိခဲ့တော့သည်။
__________ကိုယ့်သဘောနဲ့ကိုယ် ထွက်လာပြီးမှ ဒီနေ့အိမ်ကနေ အင်္ကျီထူထူ မဝတ်ခဲ့မိတာကို နောင်တရနေမိသည်။ နှင်းကျတဲ့ရက်မို့ ပုံမှန်ထက်အအေးဓာတ်ပိုကဲနေတာကြောင့် ရိုးရိုး sweater တစ်ထည်သာဝတ်ထားတဲ့ Jaemin အဖို့ကတော့ ဒုက္ခ လှလှလေးထဲရောက်နေပြီဖြစ်သည်။