𝓓𝓲𝓶𝓹𝓵𝓮𝓼

224 20 9
                                    

Graceland University။ မြို့တော်ရဲ့ ထိပ်သီးတွေ တော်ဝင်မျိုးနွယ်တွေပဲ တက်ခွင့်ရှိတဲ့ တက္ကသိုလ်ကြီးတခု.....ထို University တွင်ရှိသမျှ ကျောင်းသား၊ကျောင်းသူ အကုန်သည် ထိပ်သီးအိမ်တော်တိုင်း၏ သခင်၊ သခင်မ လောင်းလျာများ...။

ဒီနေ့ကတော့ Summer ပြီးလို့ ကျောင်းပြန်ဖွင့်တဲ့နေ့။ ဆံပင်အနက်ရောင်နဲ့ ကောင်လေးတယောက်က Year 2 အခန်းထဲတွင် ထိုင်နေသည်။ အနက်ရောင်ဆံပင်တွေကို undercut ပုံညှပ်ထားပြီး မျက်လုံးတွေကတော့ စူးစူးရှရှ။ ထိုကောင်လေးကတော့ Park အိမ်တော်ရဲ့ သားအကြီး၊ Park Jay။ သားအကြီးဆိုသည့်အတိုင်း Park အိမ်တော်၏ သခင် အလောင်းအလျာ။ 19 နှစ်သာရှိသေးသော်လည်း သူ့အရှိန်အဝါတွေက ဘယ်သူမှ စေ့စေ့မကြည့်ရဲလောက်အောင် ကြီးမားသည်။

"Jay, Did you know that Helena's cousin is transferring to Graceland this year?"
(Jay, Helena ရဲ့ မောင်တဝမ်းကွဲက ဒီနှစ် Graceland ကို ပြောင်းလာမယ်ဆိုတာ သိပီးပီလား?)
Jay ရဲ့ ဘေးက အဖြူရောင်ဆံပင်တွေနဲ့ ကောင်လေးက မေးလာသည်။

ထိုကောင်လေးကတော့ Jay ရဲ့ ညီတဝမ်းကွဲ၊ Benjamin Park။ ဆံပင်အဖြူရောင်တွေကို ခပ်တိုတိုညှပ်ထားသောကြောင့် မျက်နှာချောချောကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ နှာတံပေါ်မှ မှည့်နဲ့ မျက်ခုံးမွှေးထူထူများက အဝေးက ကြည့်လျှင်တောင် ထင်ထင်ရှားရှားမြင်ရသည်။

"How am I supposed to know that, Ben?"
(ငါကအဲ့တာကို ဘယ်လိုလုပ်သိမှာလဲ, Ben?)

မျက်ခုံးများပင့်လျက် Jay ပြန်ဖြေလိုက်တော့ Benjamin က ပုခုံးတွန့်ပြီးသာ တုန့်ပြန်ပြီး သူ့ခုံဆီသို့ လျှောက်သွားသည်။ ထိုအခါမှ Jay လည်း နာရီကို မော့ကြည့်လိုက်တော့ 9:45။ 10.00 အတိမှာ အတန်းစမှာ ဖြစ်လို့ Jay လည်း အရှေ့ကို လှည့်ထိုင်လိုက်သည်။

ထိုအချိန် ဆံပင်အညိုရောင်တွေကို ကျစ်ဆံမြှီး နှစ်ဖက်ကျစ်ပီး ဖဲပြားအနီတွေနှင့် အလှဆင်ထားသော ကောင်မလေးတယောက် အခန်းထဲ ဝင်လာသည်။ Coraline, Coraline Alizine။ Italian-Korean ဖစ်သူ သူမ၏ စွဲမက်ဖွယ်အလှက တကျောင်းလုံးအတိုင်းအတာနဲ့ ကျော်ကြားသည်။

ဆံပင်ညိုညို၊ မျက်လုံးစိမ်းစိမ်း၊ ကိုယ်လုံးသွယ်သွယ်နှင့် သူမက လှသည့်အပြင် Italian သံအမတ်မိသားစုကဖြစ်လို့ ဩဇာလည်းညောင်းသည်။ ဒါပေမဲ့ Jay ဘက်က သူငယ်ချင်း တယောက်ထက်မပို၊ သူမ ဘက်က ပိုချင်နေမှန်း သိပေမဲ့ပေါ့။

You've reached the end of published parts.

⏰ Last updated: Feb 21 ⏰

Add this story to your Library to get notified about new parts!

"Love started with Dimples"Where stories live. Discover now