"ဟယ်လို သားလေး နေကောင်းလား"
"ဟုတ်ကောင်းတယ် မေကြီး
မေကြီးနဲ့ ဖေကြီးကော""ကောင်းတယ် သား"
"မေကြီး
သား မေကြီးကို မေးချင်တာလေးရှိလို့""ဘာလဲ သားရဲ့"
"မေကြီးဆီမှာ သားငယ်ငယ်က ဓာတ်ပုံတွေမရှိဘူးလားဟင်"
"ဘာဖြစ်လို့လဲ သား"
"ဘာမှ မဟုတ်ပါဘူး သားငယ်ငယ်က ဘယ်လိုပုံစံရှိလည်း သိချင်လို့ပါ
အခြားသူတွေငယ်ဘဝအကြောင်း ပြောကြပေမယ့်
သားက ဘာမှမမှတ်မိဘူး
အဲ့ဒါကြောင့်လေ"ဒေါ်ထိပ်ထား ပြောစရာစကားတို့ ပျောက်ရှကုန်ရပြီ
အနှစ်နှစ် အလလ ဖုံးကွယ်ထားရတဲ့ လျှို့ဝှက်ချက်က ကြာရှည်ခံတော့မယ်မထင်
ရှိုင်း ရိပ်မိနေမှန်း ဒေါ်ထိပ်ထားခန့်မှန်းမိသည်
ဘယ်လိုဆက်ပြီးဖုံးကွယ်ထားရမှာလဲ
အတိတ်ကကိစ္စတွေကို ရှိုင်းသာပြန်မှတ်မိရင် ရှိုင်းပြန်ပြီးခံစားရမှာ....အဲ့အတိတ်ကနေ ရုန်းမထွက်နိုင်မှာကို
ဒေါ်ထိပ်ထား စိတ်ပူမိသည်"ဟယ်လို..... ဟယ်လို မေကြီး သားပြောတာကြားရလား"
"အော် ကြားရပါတယ် သားရယ်
မေကြီး ရှာကြည့်လိုက်အုန်းမယ်နော်
တစ်နေရာရာမှာ သိမ်းထားမိမှာပါ
ဒါဆို ဒါပလေနော်
မေကြီး ဖေကြီးအတွက် ထမင်းပွဲပြင်လိုက်အုန်းမယ်""အော် ဟုတ် ဟုတ် မေကြီး
ဘိုင့်ဘိုင်နော် အာဘွားမေကြီး""အာဘွား အာဘွား"
မေကြီး ရှိုင်းကို တစ်ခုခုဖုံးကွယ်ထားတာ သေချာနေပါပြီ
ဘာလို့ဆို အမြဲတမ်း ဖေကြီးအတွက်
ထမင်းပွဲပြင်ပေးရသည့်အချိန်က 6နာရီမှလေ
5ခွဲလောက်မှ အလုပ်သိမ်းတတ်သော ဖေကြီးက ရေမိုးချိုး မဟုတ်ရင် နားတာနဲ့ အမြဲ 6နာရီမှပဲ ထမင်းစားတာ
ကျောင်းအမြန် ပိတ်ချင်လှပြီ အိမ်အရမ်းပြန်ချင်နေပြီ
ရှိုင်း အိမ်မက်ထဲမှာဝါးတိုးဝါးတား တွေ့တွေ့နေရတဲ့ အခန်း.... အဲ့အခန်းက ရှိုင်းတို့နှစ်ထပ်အိမ်ရဲ့ အပေါ်ထပ်က စတိုခန်းဆိုသည့် အခန်းကြီး.....
ဟုတ်တယ် ဟုတ်တယ် အမြဲသော့ခတ်ထားတဲ့ အခန်းကြီး
ရှိုင်း 10တန်းတုန်းက တစ်ခါဝင်မလို့ မေကြီးဆီမှာ သော့တောင်းဖူးသေးတယ်
"စတိုခန်းကမရှင်းရတာကြာပြီ သား
ဖုန်တွေ အရမ်းထူနေမှာ သား ဘာရှာချင်တာလဲ မေကြီးနောက်နေ့ ရှာပေးထားမယ်လေနော်"
အဲ့တုန်းက ပြောတဲ့ မေကြီးစကား က ရှိုင်းခေါင်းထဲ ဖျက်ကနဲ
ဝင်လာသည်
အဲ့ကတည်းက ရှိုင်း အဲ့အခန်းကို လှည့်မကြည့်မိဘူး
စိတ်ထဲလည်း ရှိတယ်လို့တောင် မအောက်မေ့တော့
'ကျွန်တော့် မသိတဲ့ဘာကိစ္စတွေများ ကျွန်တော့်မိသားစုမှာရှိနေသေးတာလဲဗျာ
မေကြီးကဘာလို့ ကျွန်တော့်ကို အသည်းအသန်ဖုံးကွယ်နေရတာလဲ'
***
ဓာတ်ပုံမှန်ဘောင်ထဲတွင် အဖြူအစိမ်းဝတ်စုံနဲ့ ကျောင်းသားလေးနှစ်ယောက်သည် အချင်းချင်းပခုံးကိုဖက်လျက်.......
အပြုံးတို့ကလည်း ပကတိ အေးချမ်းသည့်
အသွင်ကိုဆောင်နေသေးသည်
ထိုကောင်လေးနှစ်ယောက်ရဲ့ အပြုံးသည် ဓာတ်ပုံဘောင်ထဲက သူတို့ရဲ့မျက်နှာကို လက်ကလေးနဲ့
အသာအယာကိုင်ကြည့်နေသည့် ဒေါ်ထားထားရီကိုပါ အပျော်တွေကူးစက်လာအောင် လုပ်ဆောင်နိုင်သည်
သို့သော် ထိုအပြုံးနဲ့အတူတူကပ်ပါလာတာက ဒေါ်ထားထားရီရဲ့မျက်ဝန်းက မျက်ရည်စတွေ.....
ထိုအချိန် ဒေါ်ထားထားရီ အတွေးထဲသို့ 11နှစ်ဆိုသည့် လွန်ခဲ့ပြီးသောအတိတ်ရဲ့ ဖြစ်ရပ်တစ်ချို့က ဝင်ရောက်လာသည်
အဲ့တုန်းက ဒေါ်ထားထားရီက ဆယ်တန်းအင်္ဂလိပ်ဆရာမလည်းဟုတ်သလို အတန်းပိုင်ဆရာမတစ်ဦးလည်းဖြစ်သည်
##########
"ဆရာမ "
YOU ARE READING
အချစ်စတင်ရာ ကောလိပ် (စဆုံး)
Romanceကောလိပ်မြေမှာ ဖူးစာဆုံမယ့်ဇာတ်လမ်းလေးပါ ကျောင်းဆရာအလုပ် လုပ်မယ့်lgbtသူတို့နှစ်ဦးအတွက် ရင်ဆိုင်ရမယ့် ပြသနာတွေ အခက်အခဲတွေဆိုတာ သေချာပေါက်ရှိလာမှာပါ အဲ့ဒါတွေကို သူတို့ဘယ်လိုရင်ဆိုင်မှာလဲ အလျှော့ပေးမှာလား ရင်ဆိုင်မှာလား သူတို့ရဲ့ ဆက်ဆံရေးကကော အဆင်ပြေချေ...