တူးမြောင်းထဲမှာစက်လှေစီးနေကြသည့်သူတို့နှစ်ဦး
သား..နယ်ယာလန်ရဲ့ရာသီဥတုကအေးအေးလေးဆို
တော့နေရာင်ခြည်ကသိပ်မပူဘဲနွေးနွေးလေးဖြစ်နေ
သည်။တူးမြောင်းထဲမှာသူတို့လိုအခြားစက်လှေတွေအများ
အပြားပင်။ဆရာကစက်လှေရဲ့ထောင့်တနေရာမှာထိုင်
နေပြီးသူ့ကိုပြုံးပြနေသည်။ဆရာရယ်..သိပ်ကိုအပြုံးလေးတွေကအေးချမ်းပါရော
လား။ဘယ်အချိန်ကနေစချစ်မိသွားလဲမသိပေမဲ့သေ
ချာတာကတော့သူတော်တော်ကြီးကိုနစ်ဝင်နေတော့
တာပါပဲ။သူဟာချစ်ခင်နှစ်သက်ကြောင်းတွေကိုစာတွေဘာတွေ
နဲ့ဖွဲ့နွဲ့ပြီးသိပ်မပြောတတ်..ဒါပေမဲ့ဆရာ့ကိုချစ်ကြောင်း
တွေကဟိုးးရင်ဘတ်ရဲ့အနက်ရှိုင်းဆုံးတနေရာကိုလာ
တာပါ။သူတို့စက်လှေတခြားစက်လှေတွေနဲ့မတူသည့်အမိုးဖွင့်
စက်လှေဖြစ်သည်။စက်လှေထောင့်ကိုမှီ၍ရေနွေးနွေး
လေးတွေကိုလက်နဲ့ထိတွေ့ကာဆော့ကစားနေမိသည်။"နေတွေပူနေတယ်လေkimရဲ့..နေမကောင်းဖြစ်တော့မှာပဲ"
သူ့အပေါ်သို့အုပ်မိုးလာသည့်ထီးအဖြူလေးနဲ့ဆရာ။
သူဟာထိုသို့အသေးအမွှားဂရုစိုက်မှုလေးတွေကြောင့်
သိပ်ချစ်နေမိတာ။ဒီလိုလေသံပျော့ပျော့လေးနဲ့နမော်
နမဲ့လုပ်မှုလေးတွေကိုဂရုစိုက်ပေးမဲ့ဆရာ့ရဲ့အိမ်ထောင်ဖက်ကသိပ်ကိုကံကောင်းပါရော့လားဆိုပြီးစိတ်
မကောင်းစွာတွေးမိသေးသည်။