"ဟဲ့ရောင်!!!နေသစ်မဟာ!!!!!!"
မနက်စာစားဖို့ Rue ကိုသွားနှိုးခိုင်းတာကို ဟိုလိုလို ဒီလိုလိုလုပ်နေတဲ့ အလုပ်သမားတွေကြောင့် ကိုယ်တိုင်သွားကြည့်မှပဲ သွေးစောင့်တက်မယ့် မြင်ကွင်းကို မြင်ရတော့တယ်။ ဒါတောင် သကောင့်သားက တံခါးကို လော့ချထားလို့ သော့ယူပြီးဖွင့်ရသေးတယ်။
"ဟဲ့ရောင်! နေသစ်မဟာ!!!!"
နေသစ် အိပ်နေရင်း ကျီးထိုးသလို အော်သံကြောင့်လန့်နိုးသွားတယ်။
"ဟာ! လန့်လိုက်တာဗျာ။ ဘာဖြစ်နေတာလဲ။
ခင်များက ကျွန်တော့်အခန်းထဲ ဘာဝင်လုပ်တာလဲ။"ဖြောင်း!
"ဟာ! ဦးဝဏ္ဏမင်း!!!!!!! ကျုပ်ခေါင်းကို ဘာလို့လာရိုက်တာလဲ!!!"
"အာပြဲနဲ့အော်မနေနဲ့။ ဒါဘယ်သူ့အခန်းလဲသေချာကြည့်!"
နေသစ် မကျေမနပ်နဲ့ အခန်းကို သေချာကြည့်လိုက်တယ်။အော်... ဒါ Rue အခန်းပဲ။ ဟုတ်သားပဲ ညက Rue နဲ့ ငါနဲ့ အဟင်း.......
"ဟဲ့ရောင်လူယုတ်မာရုပ်နဲ့ ပြုံးတုံးတုံးလုပ်မနေနဲ့။ ငါ့သားကိုကြည့်ဦး ဒီလောက်ဆူညံနေတာကိုနိုးမလာဘူး မင်းဘယ်လောက်တောင်.....တောက်!!!!ငါထပ်လုပ်ချင်စိတ်တွေပေါ်လာပြီ။"
"ဒီမှာကြည့်ဦး...ဝါဂွမ်းဖြူလုံးလေး အိပ်နေတာ။ သူပင်ပန်းထားတယ်ဗျ။ ကျွန်တော်လည်းပင်ပန်းထားတယ်။ ပြန်ပါဗျာ။ ခနအိပ်လိုက်ဦးမယ်။"
"အောင်မယ်...ငါ့အိမ်ပေါ်တက်ပြီး ငါ့သားကိုမုဒိန်းကျင့်တဲ့ကောင်ကများ ငါ့ကိုနှင်ထုတ်ချင်တယ်ပေါ့လေ။ မင်းကို မုဒိန်းမှုနဲ့ တရားစွဲမယ်။"
"ခင်များ!!!ဒါနှစ်ဦးသဘောတူ ဖြစ်သွားတာ။ ဘာကိုမုဒိန်းမှုလဲ။"
"မင်း!!!!!"
"အွန်း.....မောင်......"
Rue အိပ်ပျော်နေရာကနေ အသံတွေက အရမ်းဆူလာလို့ထကြည့်ဖို့လုပ်လိုက်တယ်။
"ဟိုကောင် တမောင်မောင်နဲ့ ဆီးသီးသည်လုပ်မနေနဲ့။ ထစမ်း ခုဖြေရှင်း"
"ဒယ်...ဒယ်ဒီ...သားက....အာ့!!!!! မောင်...ငါထထိုင်လို့မရဘူး။"
"ဘာမှမကြောက်နဲ့နော် ဒါမျိုးကဖြစ်တက်ပါတယ်။ ဘာမှမဖြစ်ဘူး။အုံဖွ အုံဖွ...."