Unicode

442 65 9
                                    

"သတ္တမမြောက် ပန်းချီပြပွဲအတွက် ဂုဏ်ယူပါတယ် Hyun"

Seungmin ကိုယ်တိုင် စိတ်တိုင်းကျရွေးဝယ်ခဲ့တဲ့ ပန်းစည်းကလေးဟာ ရည်ရွယ်သူလက်ထဲကို ကူးပြောင်းသွားခဲ့သည်။

Hyunjin ဟာ ပန်းစည်းကလေးကို တစ်ချက်ကြည့်တယ်။ ဒီအပြုအမူရဲ့ တုံ့ပြန်မှုကတော့ အပြုံးတစ်ခု လိုက်ပါခြင်း ဖြစ်တယ်။

အဖြူရောင် ကာနေးရှင်းတွေ။
တစ်နည်းအားဖြင့် သူ့အကြိုက်ဆုံးပန်းတွေပေါ့။
Seungmin ဟာ ဒီတစ်ခါလည်း သူ့အကြိုက်ကို ကွက်တိ ယူလာပေးပြန်တာပဲ။

"ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ ပွဲတစ်ခုတက်ဖို့ ဂျပန်ကို ရောက်နေတာ မဟုတ်ဘူးလား။"

မနေ့ည ​ဖုန်းပြောတုန်းကတောင် ဂျပန်မှာပဲ ရှိနေသေးတဲ့ Seungmin ဟာ ဒီနေ့ ကိုရီးယားမှာပြုလုပ်တဲ့ သူ့ရဲ့ပန်းချီပြပွဲမှာ ဘယ်လိုပေါ်လာသလဲ Hyunjin တကယ်မယုံနိုင်။

"ဟုတ်တယ်။ ဒါပေမဲ့ ဒီပွဲမီအောင် မနက်အစောဆုံးလေယာဥ်နဲ့ ပြန်လာတာ။"

Hyunjin ရဲ့အပြုံးတွေ ပိုပြီးတောက်ပသွားတာကို
မြင်ရတဲ့အခါ အလျင်စလိုပြန်လာရတာ တန်ကြောင်း
Seungmin ပိုသေချာသွားခဲ့ရတယ်။

"Hyun ရဲ့ ပန်းချီပြပွဲတွေကို ငါ ဘယ်တုန်းက အလွဲခံလို့လဲ"

ဒါနဲ့ဆို Hyunjin ရဲ့ ကိုယ်ပိုင်ပန်းချီပြပွဲတွေမှာ သူရှိတာ သတ္တမအကြိမ်မြောက်။ တစ်နည်းပြောရရင် ပွဲတိုင်းကို သူ အမြဲအရောက်လာပါတယ်ပေါ့။

"ကျေးဇူး Seung"

စိတ်ကျေနပ်ခြင်းတို့ လွှမ်းခြုံနေတဲ့ အဲဒီမျက်ဝန်းနက်တွေ။
Hyunjin ဟာ အချစ်ခံရတာကို ဘယ်လောက်တောင်
သဘောကျလိုက်သလဲ။

ပြီးတော့ အဲဒီမျက်ဝန်းတွေကိုငေးရင်း လိုက်ပြုံးမိတဲ့
သူကရော Hwang Hyunjin ဆိုတဲ့ ပန်းချီဆရာလေးကို
ချစ်ပေး​နေရတာကို ဘယ်လောက်ခုံမင်လိုက်သလဲ။

°°°

"3 2 1 ! okay ! final cut ရိုက်မယ်
pose ပြောင်းလို့ရပါပြီ Seungmin ssi"

ဓာတ်ပုံဆရာရဲ့ညွှန်ကြားချက်အတိုင်း Seungmin
နောက်ထပ် pose တစ်ခု ပြောင်းလိုက်သည်။ အဲဒီနောက်
သံသရာလည်လာပြန်တဲ့ အချိန်နောက်ပြန်ရေတွက်သံနှင့်အတူ
နောက်ဆုံးရိုက်ချက်လည်း ပြီးသွားခဲ့သည်။

The idea of LoveWhere stories live. Discover now