##########
"မေမေ သားကိုစိတ်ဆိုးလားဟင်"ဒေါ်ထားထားရီ ဘာပြန်ပြောရမလဲတောင်မသိ သူရဲ့ ရင်နင့်သည်းချာ တစ်ဦးတည်းသော ချစ်သားလေးက သူယောကျာ်းလေးတွေကို စိတ်ဝင်စားသည့် အကြောင်းဝန်ခံလာတာလေ
ဒေါ်ထားထားရီ ရိပ်မိပေမယ့် မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းနေခဲ့တာ
ဒါမယ့် သူ့ဆုတောင်းတွေက ပြည့်ဖို့ကံမပါလာဘူးထင်ပါရဲ့
မိဘ ဆိုတော့ ကိုယ့်သားသမီး ဘာပဲဖြစ်နေဖြစ်နေ နားလည်လက်ခံပေးနိုင်ပေမယ့် ပတ်ဝန်းကျင်ဆိုတာရှိသေးတယ်လေ.....
ပိုင်လေး ပတ်ဝန်းကျင်ရဲ့ ဒဏ်ကိုခံနိုင်ရည်မရှိမှာကို ဒေါ်ထားထားရီ စိတ်ပူမိသည်"မေမေကတော့ သားကောင်းကောင်း ဆိုးဆိုး လက်ခံပေးနိုင်ပါတယ်"
"ချစ်လိုက်တာ မေမေရယ်"
ခါးကိုသိုင်းဖက်ပြီး ရင်ခွင်ထဲတိုးဝင်လာတဲ့ ပိုင်လေးခေါင်းကို ဒေါ်ထားထားရီ ခပ်ဖွဖွလေးပုတ်ပေးလျက်
"ဒါမယ့် မေမေ သားကိုစိတ်ပူတယ်"
"ဘာကို စိတ်ပူတာလဲ မေမေက"
"သားလည်းသိမှာပါ သားကိုမေမေနားလည်ပေးသလိုမျိုး တစ်ခြားသူတွေက သားကို နားလည်ပေးနိုင်မှာမဟုတ်ဘူးဆိုတာ"
"ဟုတ် မေမေ
သားခံနိုင်ရည်ရှိအောင်ကြိုးစားမှာပါ""အေ့ပါ သားရယ်"
"ဒါနဲ့ပြောပါအုန်း အခုတလော သားခြေလှမ်းတွေပျက်နေတယ် ဘယ်သူ့ကိုစိတ်ဝင်စားနေတာလဲ"
ဒီအသက်အရွယ်ထိ ဘယ်သူ့ကိုမှ စိတ်ဝင်စားခြင်းမရှိသော ပိုင်လေးက စွမ်းထက်ကို စိတ်ဝင်စားနေမှန်း ဒေါ်ထားထားရီတစ်ယောက်သိသည်"ဟဲ ဟဲ မေမေ
စွမ်းထက်ကို"ထင်သားပြီးသားဖြစ်တာကြောင့် ဒေါ်ထားထားရီမအံ့သြ
"အော်"
"ဟင် မေမေ ဘာမှမပြောတော့ဘူးလား"
"မေမေ သိပြီးသားပဲကို"
"ဗျာ "
"မေမေ ရိပ်မိတယ်ပေါ့"ဒေါ်ထားထားရီ ရှေ့မှာရှက်နေတဲ့ ခန့်ရီပိုင်ကိုကြည့်ပြီး
သဘောကျကာ ပြုံးမိသည်
သားသမီး ပျော်နေရင် မိဘစိတ်ချမ်းသာတယ်လေ
***
"သား ထမင်းလေးလာစားပါအုန်းနော်"
YOU ARE READING
အချစ်စတင်ရာ ကောလိပ် (စဆုံး)
Romanceကောလိပ်မြေမှာ ဖူးစာဆုံမယ့်ဇာတ်လမ်းလေးပါ ကျောင်းဆရာအလုပ် လုပ်မယ့်lgbtသူတို့နှစ်ဦးအတွက် ရင်ဆိုင်ရမယ့် ပြသနာတွေ အခက်အခဲတွေဆိုတာ သေချာပေါက်ရှိလာမှာပါ အဲ့ဒါတွေကို သူတို့ဘယ်လိုရင်ဆိုင်မှာလဲ အလျှော့ပေးမှာလား ရင်ဆိုင်မှာလား သူတို့ရဲ့ ဆက်ဆံရေးကကော အဆင်ပြေချေ...