မတ်လ ၁၈ရက်နေ့...
ဒီနေ့တွင် ပန်းရုံတို့အိမ်လူစုံနေသည်။ အဘယ်ကြောင့်ဆိုသော် ပန်းရုံ၏ ၁၆နှစ်ပြည့်မွေးနေ့ဖြစ်၍ပင်။ လူစုံနေပြီဆိုပေမယ့် တစ်ယောက်သောသူကတော့ မရောက်သေးပေ။ ပန်းရုံကတော့ မေမေ့ကိုမုန့်ဟင်းခါးချက်ကူရင်း အိမ်ပေါက်ဝကိုလဲ မျှော်မျှော်ကြည့်နေမိသည်။
"ပန်းရုံရေ...ငါတို့လာပြီဟေ့...."
ပန်းရုံရှေ့မှ မြပုလဲ၏အသံကြောင့်လုပ်လက်စကိုချကာ အိမ်ရှေ့သို့ပြေးသွားလိုက်သည်။ အိမ်ရှေ့ရောက်တော့ မြပုလဲက အထုတ်ကြီးအထုတ်ငယ်နှင့်လက်နှစ်ဖက်လုံးပြည့်နေကာ ဘေးကရာဇ်ကလဲထိုနည်း၎င်းပင်။ ထို့ကြောင့်ဘပန်းရုံ ရာဇ်နားပြေးကာ အထုတ်ကိုလက်လွှဲယူလိုက်ကာ မျက်နှာမှာလဲအပြုံးပန်းတို့ဝေဝေဆာဆာ....။ လက်နှစ်ဖက်လုံးအထုတ်တွေပြည့်နေသည့်မြပုလဲကတော့ ခေါင်းယမ်းကာ အိမ်ထဲသို့ဝင်သွားတော့သည်။
"ငါမင်းကိုစောင့်နေတာရာဇ်..."
ရာဇ်ကပြုံးပြကာခေါင်းငြိမ့်ပြလာသည်။ ထိုသို့အနေအေးကာ စကားကိုလိမ့်ပတ်လည်အောင်မပြောတတ်ပေမယ့် ရာဇ်ကိုသူအရမ်းချစ်ရပါသည်။ရာဇ်က ပုဆိုး အကွက်နုတ်အပြာနှင့် အပြာနုရောင် စတစ်ကိုဝတ်ဆင်ထားသည်။ ပန်းရုံကတော့ အညိုရောင်စတစ်နှင့် အညိုရောင်အကွက်နုတ်လေးကို ဝတ်ဆင်ထားသည်။
"ကဲလာလာ....မုန့်တွေကိုအရင်ဆုံး ဘေးအိမ်တွေကိုသွားပို့ ပြီးမှသူငယ်ချင်းတွေစားကြနော်...."
မေမေကမီးဖိုထဲမှထွက်လာကာ ရာဇ်နှင့်ပန်းရုံကိုကြည့်ကာပြောလာသောကြောင့် ပို့မယ့်အိမ်အတွက် ချိုင့်လေးနှင့်ယူကာ တစ်အိမ်ဆီလိုက်ပို့ရသည်။
"ရာဇ်...မင်းရဲ့မွေးနေ့ကိုပြောပြပါလား..."
အပြန်လမ်းတွင်ပြောလာသည့်ပန်းရုံ၏စကားကြောင့်သူတစ်ချက်စဥ်းစားမိလိုက်သည်။ သူမွေးထဲကဆို ခုတောင်ဘယ်နှနှစ်လဲသူမမှတ်မိတော့ပေ။ ေသချာတာကတော့ သူ ရုံ့ကိုစောင့်ခဲ့သည့်နှစ်အရေတွက်သာဖြစ်မည်။
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်