"ဖေ့တုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း"
ညနေစောင်းအချိန်ကာလ အရှေ့ပိုင်းခရိုင်၏ လမ်းဘက်မျက်နှာလှည့် ကော်ဖီဆိုင်တစ်ဆိုင်တွင် ဝယ်သူအများအပြားအား ယခုလေးတင်မှ ဝန်ဆောင်မှုပေးလို့ပြီး၍သွားပါသော အရောင်းသမတစ်ဦးသည် နောက်ဆုံးမှာတော့ အသက်ရှူချောင်သည့်အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်နိုင်ပါတော့၏။ သို့သော်ငြားလည်း သူ(မ)၏အပြုံးခပ်တောင့်တောင့်အား မူလသဏ္ဍန်သို့ရောက်အောင် ဖြောင့်ဖြောင့်ဖြူးဖြူး မဖြေလျော့ရသေးခင်မှာပင် ဝင်ပေါက်တံခါးရှိ မှန်တံခါးအထက်တွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းငယ်လေးမှာ တစ်ဖန်မြည်လာပြန်ပါ၏။
အရောင်းသမလေးခမျာ သူ၏ပုံမှန်အပြုံးပန်းအား ထပ်မံဆင်မြန်းလိုက်ရလေသည်။ "ကြိုဆိုပါတယ်ရှင့်"
"ကျေးဇူးပြုပြီး ကဖိန်းဓါတ်မပါတဲ့ ဗနီလာလတ်တေးတစ်ခွက်ပေးပါ"
ဝယ်သူမှာ ဆံနွယ်များက ပခုံးထက်သို့ထိလုနီးပါးရှိသော အရပ်ရှည်ရှည်နှင့် ပိန်သွယ်သွယ် အမျိုးသားငယ်တစ်ဦးဖြစ်သည်။ အကြင်သူသည် တည်ကြည်ပြီး ဣန္ဒြေရှိသော စီးပွားရေးဝတ်စုံပြည့်အား ဝတ်ဆင်ထားလျက် သတ္တုဘောင်ပါသော မျက်မှန်တစ်လက်ကို ဆင်မြန်းထား၏။ ခပ်ပါးပါးမျက်မှန်ဘောင်က မြင့်မားဖြောင့်စင်းသော သူ၏နှာတံပေါ်တွင် နေရာယူထားလေသည်။ သူ၏ပိုက်ဆံအိတ်အား ထုတ်ယူရန်အတွက် ငုံကြည့်လိုက်ရာတွင် ဆံနွယ်များသည် မေးဖျားအရှေ့ဘက်သို့ တွဲလွဲခိုဆင်းလျက် သူ၏မျက်နှာ ထက်ဝက်ခန့်နီးပါးမျှ ဖုံးအုပ်သွားစေ၏။ အလင်းရောင်အတွင်းတွင် အကြင်သူ၏ နှာတံနှင့်နှုတ်ခမ်းများက မှန်ရည်လွှာတစ်ထပ် လိမ်းကျံထားသည်နှယ်။ သူသည် အေးစက်၍ ချဉ်းကပ်ဖို့ရာ မလွယ်ကူနိုင်သည့်ဟန်ပင်။
လူတိုင်းက အလှတရားအား အသိအမှတ်ပြုကြစမြဲပင်။ အရောင်းသမသည် ထိုသူအား အကြိမ်အနည်းငယ်မျှ လှမ်းမကြည့်ဘဲ မနေနိုင်တော့ပါချေ။ သူသည် ဝယ်သူ၏အကြိုက်ကို ခန့်မှန်းဖို့ကြိုးစားရင်း စကားစမြည် ပြောဆိုလေသည်။ "သကြားမပါတဲ့ ဗနီလာထည့်ချင်ပါသလားရှင့်"
YOU ARE READING
မော့တူ (Just Moments)
Mystery / Thriller_novel by Priest _This's not novel, just moments. _ spoiler 💥 _ Fanarts