๋࣭ ⭑⚝

423 66 24
                                    

" မနေ့ညက သူကြီးသည်းသည်းလှုပ်မွေးထားတဲ့ စီပီကြက်မကြီးပျောက်သွားလို့ဆို "

" ဟုတ်ပအေ နောက်မှ ရွာထိပ်က ကုက္ကိုပင်အောက်မှာ ရှာတွေ့တယ်တဲ့ "

" ယန်းဂျောင်ဝန်းလက်ချက်မှဟုတ်ရဲ့လား "

"မေးစရာလိုသေးလို့လားဟယ် သူကြီးကိုသွားစရဲတာ ရွာထဲမှာသူ့အပြင်ဘယ်သူရှိသေးလို့လဲ "

" ဒီညလဲ ဒင်းလေးတို့အဖွဲ့ ဘာတွေမွှေကြအုန်းမလဲမသိဘူး "

" သူတို့မွှေတာနောက်ထား  ညည်းနောက်က ငါးဆီသတ်ထားတဲ့အိုးကိုအရင်မွှေအုန်း တူးကုန်တော့မှာပဲ "

" ဟဲ့ ကုန်ပါပြီ "

ခြေတံရှည် အိမ်အပေါ်မှ ဆောနူက သက်လတ်ပိုင်း အမျိုးသမီးကြီးတွေရဲ့ အလွဲကို တခိခိနှင့် ။  ထိုကြီးကြီးတို့ပြောသလို ဖေဖေက စီပီကြက်မကြီးကို သည်းသည်းလှုပ် ၊ သူခိုးကြီးညမရောက်သေးဘဲ အဖိတ်နေ့မှာတင် ကြက်မကြီးခိုးခံလိုက်ရလို့ ဆောနူကော မေမေပါ တစ်ညလုံးရှာခဲ့ရတာဖြစ်သည်။  ပြန်တွေ့တော့လဲ အိမ်နှင့်အတော်လေးဝေးသည့် ရွာထိပ်က ကုက္ကိုပင်ကြီးအောက်မှာဖြစ်သည်။

သူကြီးသည်းသည်းလှုပ်မွေးထားသည်မှာ ထိုအဖြူရောင်စီပီကြက်မကြီးအပြင် ကင်မ်ဆောနူသည်လည်း အပါအဝင်ဖြစ်သည်။

.......................................

" ဝန်းနီး~~ "

"ဗျာ"

" ညက ဖေဖေ့ကြက်မကြီးကို ရွာထိပ်မှာ သွားထား ထားတာ ဝန်းနီးဆို "

" ကိုကိုက ဘယ်လို သိတာလဲ "

" ညနေကျရင် ရွာထဲမှာ စတုဒီသာ ကျွေးဖို့လေ အဲ့တာ  အိမ်မှာမုန့်ဟင်းခါး လာချက်ကြတဲ့ ကြီးကြီးတွေပြောနေတာ ဟမ့် တအားဆိုးတာပဲနော် ဖေဖေသိရင် မင်းတော့ထိပ်တုံးနဲ့မိမှာ "

" ဆိုးလဲ ကိုကိုကချစ်တယ်မလား "

" မင်းဆိုးတာ ညကကိုကို တော်တော်နဲ့ မအိပ်ရဘူးလေ "

" ကျွန်တော်မှားပါတယ်ဗျာ ~ "

အရိပ်ကောင်းကောင်းရသည့် မန်ကျည်းပင်အောက်တွင် ထိုင်နေသည့် ကောင်လေးနှစ်ယောက်ထံမှ စကားသံတို့ဟာ ခပ်တိုးတိုး ။  အသားဖြူဖြူဖွေးဖွေးနဲ့ နှင်းလုံးလေးလိုကောင်လေး၏ မျက်နှာက စိတ်ကောက်နေတာကြောင့် အနည်းငယ် ပန်းရောင်သန်းကာ နှုတ်ခမ်းလေးကလည်းမသိမသာစူထွက်နေသေးသည် ။ ဝတ်ထားသော နို့စိမ်းရောင် တီရှပ်မှာလည်း ဖြူဖွေးသောအသားအရေနှင့် လွန်စွာပနံသင့်လှသည် ။ အနှီကောင်ငယ်လေးမှာ သူကြီးသည်းသည်းလှုပ် ပိုးမွေးသလိုမွေးထားသော သားဦးလေး ကင်မ်ဆောနူပင် ။  ကောက်တော်မူသွားသော ဆောနူကို ချော့နေရသူမှာ ရွာ၏အမွှေစိန် ယန်းဂျောင်ဝန်းဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Mar 07 ⏰

Add this story to your Library to get notified about new parts!

Chasing That Feeling At ' Tha Khoe Kyi ' Night     | YangsunWhere stories live. Discover now