☀️ Love =အချစ်🌻
"ခွန်းစက်...နေ့လည်၁၁နာရီလောက်ကျရင် ချာတိတ်ကိုသွားခေါ်ပေးပါဦး"
"ဟုတ်ကဲ့ Boss"
"ဪ ပြီးတော့ အသွားကတည်းက ချာတိတ်ကြိုက်တဲ့ ကိတ်ဆိုင်က ကိတ်လေးဝင်ဝယ်သွားပေးပါ၊ အပြန်မှဝယ်ရင် ချာတိတ်စောင့်နေရမှာစိုးလို့၊ကားမောင်းရင်လည်း ဖြေးဖြေးမှန်မှန်လေးပဲမောင်း၊ကားအဲကွန်းကို နဲနဲပဲဖွင့်ပြီး ကားတံခါးကို ၃ပုံ၁ပုံလောက်ဖွင့်ထားပေး၊ချာတိတ်က အဲကွန်းချည်းပဲဆို မူးတတ်လို့၊ "
'တော်တော်ပိုတဲ့ Boss,သူ့ဟာလေးကို ငုံထားလို့ရရင်များ ငုံထားမလားမသိဘူး ဟွန့်'
စိတ်ထဲကနေသာ ပြောရဲသည်၊ အပြင်မှာ အဲ့လိုပြောကြည့်ပါလား ပြုတ်စော်နံမှာကျိန်းသေပဲ...
"ဟုတ်ကဲ့ စိတ်ချပါ Boss၊ မှာတာတွေအကုန်လုံး သေချာမှတ်ထားပါ့မယ်၊ အကိုလေးကို မှဲ့တစ်ပေါက်မစွန်းလေရအောင် သေချာဂရုတစိုက် ခေါ်လာပေးပါ့မယ်ခင်ဗျ"
စိတ်ချရအောင် ပိုပိုသာသာလေး ပြောမိလေတော့...
"ဟေ့ကောင် တော်ရုံပဲဆက်ဆံ မရွဲ့နဲ့ ၊ သွားတော့"
"မရွဲ့ပါဘူးခင်ဗျ၊ မှာလို့ပြီးရင် သွားပါတော့မယ်ခင်ဗျ"
"ခွေးကောင်လေး ပြောင်စပ်စပ်နဲ့ သွားခေါ်တော့ သွား"
"ဟီး😁 သွားပြီ သွားပြီ"
................
ကိုကိုက ရှိုင်းကိုလာခေါ်ဖို့လူလွှတ်လိုက်မယ်ဆိုလို့ အဝတ်အစားလဲပြီး အိမ်ရှေ့မှာ စောင့်နေလိုက်သည်....
"တီ တီ....!!" (ကားဟွန်းသံ)
"ဪ အကိုခွန်းပဲ သွားရအောင်လေ ကိုကိုအကြာကြီးစောင့်နေရမှာစိုးလို့☺️"
လိုက်လည်းလိုက်တဲ့နှစ်ယောက် ကဲကဲနဲ့ သဲသဲတွေ ဟွန့် ငါတောင် ရည်းစားလိုချင်လာပြီ နေရင်းထိုင်ရင်း .....🤧
(A/N - တို့ဆီလာခဲ့ ခွန်းလေးရေ😀
အဲ့အတွဲ မကောင်းဘူးနော်..🫤)---------------
🚘🚘🚘🚘🚘....
"ကိုကို.."
"ဟော ချာတိတ် ရောက်ပြီလား၊ လာပါဦး ကိုယ့်ဆီကို၊ အလုပ်တွေပင်ပန်းနေပြီ အားပြန်ဖြည့်ချင်လို့ အာဘွားလေးပေးပါဦး..."
YOU ARE READING
☀️Love = အချစ်🌻 (Completed)
Romance☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...