အပိုင်း 12 (U+Z)

700 31 2
                                    

"တီ.......တီ........တီ....."
သူရိန် ကျောင်းဝတ်စုံလဲနေရင်း ဖုန်းမြည်လာတာကြောင့် ဝတ်လက်စ အင်္ကျီအဖြူကိုတောင် ကြယ်သီးမတပ်သေးဘဲ ဖုန်းကောက်ကိုင်လိုက်သည်
contact nameလေးကြောင့် သူရိန့်မျက်နှာလေးက ပြုံးလျက်

"ဟယ်လို အကို"

"သူရိန် မင့်ကျောင်းမလာသေးဘူး မဟုတ်လား"

"ဟုတ်တယ် ဘာလို့လဲဗျ"

"အပန်းမကြီးရင် ငါ့စားပွဲပေါ်က ပညာရေးစာအုပ်လေး ယူပါပေးပါလား
ငါ ပြန်ယူရမှာ မအားလို့
ရလား"

"ဟုတ် ရပါတယ် "

"ကျေးဇူး ကျေးဇူး ဒါပနော်"

"ဟုတ်ကဲ့"

ဖုန်းချပြီးတာနဲ့ ကိုရှိုင်း မှာတာမေ့မှာစိုးလို့ သူရိန် စားပွဲပေါ်က ပညာရေးစာအုပ်ကို အရင်သွားယူသည်
သူရိန် သိပ်ရှာစရာတောင် မလိုလိုက်
ဘာလို့ဆို ပညာရေးစာအုပ်က အစီအရီရှိနေတဲ့ စာအုပ်ထပ်ကြီးရဲ့ အပေါ်ဆုံးမှာလေ
ပညာရေးစာအုပ်ကိုယူလိုက်သည့် အချိန်.... ထိုစာအုပ်အောက်တွင်ရှိနေသော စာအုပ်လေးတစ်အုပ်က သူရိန့် အာရုံကို ဆွဲစားသွားသည်
ထိုစာအုပ်ကို သူရိန်မှတ်မိတာပေါ့ ကိုရှိုင်းကကျောင်းစာလုပ်ရင်လုပ် မလုပ်ရင် ထိုစာအုပ်လေးနဲ့ပဲ အမြဲအချိန်ဖြုန်းနေတာ
သားရေအမည်းနဲ့ဖုံးထားသည့် size ရှည် စာအုပ်လေးပေါ်တွင်ရှိသောစာသားလေးက My Diaryတဲ့
သူရိန် စိတ်ဝင်စားသွားတာကြောင့် ရှိုင်းထက်
မကြိုက်လောက်မှန်း သိပေမယ့် ယူဖတ်မိလိုက်သည်

အကို့ ဒိုင်ယာရီထဲ ဘာတွေရေးထားမလဲနော်....
ကျွန်တော်ရော ဒီစာအုပ်ရဲ့စာမျက်နှာပေါ်မှာ နေရာယူဖို့ အခွင့်ရှိပါ့မလား ....

"ဟင် ဒါ ဒါ ငါ့အပုံပဲ"
သူရိန် ဝမ်းသာအားရ စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက်လှန်ကြည့်သည်
စာရွက်တိုင်း စာရွက်တိုင်းတွင် သူရိန်ရဲ့ ပုံတူကိုဆွဲထားပြီး
ခံစားချက်တွေကို ရင်ဖွင့်ရေးထားတဲ့ စာသားအတိုအထွာလေးတွေက စာမျက်နှာတိုင်းရဲ့ ထောင့်စွန်းလေးတွင် လှပသောလက်မှတ်လေးနဲ့အတူတူ.....

'ငါ ဘယ်အချိန်ကစပြီး ရင်ခုန်တတ်ခဲ့တယ် မသိ
သေချာတာကတော့ မင့်ပဲသင်ပေးခဲ့တာ'

အချစ်စတင်ရာ ကောလိပ် (စဆုံး)Where stories live. Discover now