ချစ်ရိပ် ဝေ (One Short)

1.1K 128 10
                                    

ခဏတာတွေ့ဆုံခြင်းက တစ်သက်စာလုံးမေ့မရတဲ့ မှတ်ဉာဏ်ဖြစ်စေတက်တယ်တဲ့။ "အချစ်"ဆိုတဲ့ ဝေါဟာရကို အသေအချာမခံစားတက်ခဲ့ဖူးရင် ခံစားချက်က ဘယ်လိုနေသလဲဆိုတာ ဘယ်သိနိုင်ပါမလဲ ။ အပျံသင်တက်စ ငှက်လေးတွေလို ဆယ်ကျော်သက်မှာထဲက နာကျင်ခြင်းတစ်မျက်နှာစာ အချစ်သင်ခန်းစာတွေကို သဘောပေါက်ခဲ့တာမို့ နောက်တစ်ခေါက်ထပ်ချစ်ဖြစ်မှာမဟုတ်ဖူးလို့ တွေးမိကြွေးကြော်ခဲ့မိတာဟာ အာ့သည်ညနေလေးတစ်ခုမှာပဲ ပျောက်ဆုံးသွားရတယ်။

"မိုးမချုပ်ခင်ပြန်လာနော် ငယ်ငယ်"

အမေက စိုက်ခင်းထဲကနေလှမ်းအော်ပြောလိုက်တာကြောင့် ငယ်လဲ စက်ဘီးသော့ဖွင့်ရင်း ခေါင်းညိမ်အလေးပြုကာ ပြောင်စပ်စပ်ဖြင့်

"Yes!!ma ma"

အမေကတော့ မျက်စောင်းချီကာ ပြောင်စပ်စပ်နှင့်ဟု တီးတိုးပြောကာ ကျန်ခဲ့လေရဲ့။ ဒီနေ့က အလုပ်ပိတ်ရက်မဟုတ်ခဲ့သော ညနေလေ ။ ငယ် ဒီနေ့ အလုပ်ကနေ ၃နာရီလောက် ပြန်ရောက်တဲ့နေ့မို့ သူငယ်ချင်း၏ အအေးဆိုင်ကို သွားလည်ရန် ထွက်ခဲ့တာက ညနေ ၅နာရီ။ ငယ် တို့ လမ်းလေးက လမ်းကြီးဆီ တည့်တည့်သွားနိုင်ပြီး ဘေးဘီးဝဲယာအိမ်တွေအားလုံးက လူကြီးလူငယ်တွေဟာလဲ ငယ့်ရဲ့ မိတ်ဆွေတွေပါပဲ ။ ဘယ်ကိုလဲ ဟူသော အမေးစကားနှင့် မေးလာသူတွေကြောင့် ရှင်းပြရတာနှင့် ပြုံးပြရတာ ကြာတော့ ပါးပါညောင်းလာသည်အထိ။

"T t ttttt"

မော်တော်ဆိုင်ကယ်သံကြောင့် ငယ် လမ်းထိပ်မှာ ဘရိတ်အုပ်ကာ ရပ်စောင့်နေတော့ ဆိုင်ကယ်နှင့် ရပ်ထားသော ကားက သူတို့ဘာသာနားလည်မှု့နှင့် ရှောင်သွားတာမို့ ငယ် စက်ဘီး ပြန်နင်းကာ ကွေ့ရန်အပြန် ငယ်၏ ညာဘက်နားမှာ လာရပ်သော လူတစ်ယောက်ကို ငယ်သတိထားမိသွားသည်။ စက်ဘီးပေါ်က ငယ့်ကို စိုက်ကြည့်နေသော မျက်ဝန်း​ြကည်ကြည်တွေကို အမှတ်တမဲ့ ငေးကြည့်မိခဲ့ရသည်။
မျက်တောင်ပါးတွေ ရံကာ ကြည်လင်နေသောမျက်လုံးလေးနှစ်စုံဟာ ခပ်ထူထူမျက်ခုံးတွေနှင့် ပနံရလှသည်။ သာမန် ဟုတ်ပါသည် သာမာန်ဆန်သော အမျိုးသမီးတစ်ဦး ငယ့်ထက် အများကြီး ကြီးပုံရသော အမျိုးသမီးတစ်ဦး။ အဖြူအစိမ်းဝတ်စုံကြောင့် ဆရာမတစ်ဦးဆိုတာထင်ရှားပြီး ဘေးခွဲထားသော ဆံရစ်ကိုလဲ မချန်မိအောင် ငေးမိသွားသည်အထိ အကြည်တွေရိုင်းမိခဲ့သော ၁၀ စက္ကန့်။

ချစ်ရိပ် ဝေ (One Short)Where stories live. Discover now