၈၅၀။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၆)
ဘယ်လို ကောက်ချက်ပဲ ချချ မိန်းကလေးငယ်လေး တစ်ယောက်က ငါတို့ကို ဒီအကြောင်း မေးခွန်းထုတ်စရာ လိုလို့လား နန်းတွင်းသမားတော်ကြီး လီက ပြောသည်။ သူ့လေသံက အထင်သေးခြင်းဖြင့် ရောစွက်နေသည်။ သူက ဂျန်ဝုရှီကို ကြည့်ပင် မကြည့်ချေ။ လေ့ချန်ကိုသာ တိုက်ရိုက်ကြည့်ပြီး ပြောခြင်း ဖြစ်သည်။
အရှင့်သား, မမလေးချူရဲ့ ဒဏ်ရာက ကလေးကစားစရာ မဟုတ်ဘူး၊ ကျုပ်နဲ့ ဒီသမားတော်တွေ အားလုံး, ကျုပ်တို့ရဲ့ စိတ်အားတွေ အကုန်ထုတ်ပြီး ကျုပ်တို့ရဲ့ အသိပညာတွေကို သွန်လောင်းချပြီး ကုသနေတာပါ၊ ကျုပ်တို့ ရင်ဆိုင်နေရတဲ့ ဝရုန်းသုန်းကား အခြေအနေထဲ နောက်ထပ် အခက်အခဲကို ထပ်မထည့်ဖို့ ကျုပ် ပြောပါရစေ။
လေ့ချန်က အံတင်းတင်း ကြိတ်လိုက်သည်။ သို့သော် သူ့ကိုယ်သူ ပေါက်ကွဲထွက်ခွင့် မပေးပေ။
သို့သော်ငြား ဂျန်ဝုရှီက ဆက်ပြောလိုက်သည် ဂုဏ်သိက္ခာမြင့်မားတဲ့ ရှင်တို့ သမားတော်တွေ အားလုံး ကျမရဲ့ အသက်အရွယ်ကြောင့် ကျမကို ယုံကြည်စိတ်ချလို့ မရဘူးလို့ ခံစားရတယ်ဆိုရင်, ဒါဆို ရှင်တို့ရဲ့ သုံးသပ်ချက်တွေကို ကျမကို ဝေမျှလို့ ရနိုင်မလား၊ ဒီအငယ်ကို တစ်ခုတန်သည် နှစ်ခုတန်သည် လေ့လာခွင့်ပေးပါလား။ သူမက သူတို့အားလုံးကို အနည်းငယ် လှည့်ပတ်ကြည့်လိုက်သည်။ သူမက သတိပြုမိလောက်အောင် မေးမော့ထားသည်။ ဒါမှမဟုတ်ရင် ရှင်တို့အားလုံး တစ်ညလုံး လေ့လာပြီး ဆွေးနွေးနေတာတောင် သုံးသပ်ချက် ထွက်မလာတာများလား။
မင်းလို အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်လေးက ဘာသိမှာမို့လို့လဲ၊ မင်းက ဒီနေရာမှာ စကားပြောခွင့် ရှိတယ်လို့ တကယ် ထင်နေတာလား နန်းတွင်းသမားတော်ကြီး လီက ကြမ်းတမ်းစွာ ခွန်းတုံ့ပြန်သည်။
အိုး, ရှင်တို့အားလုံး မပြောချင်ဘူးဆိုမှတော့, ဘာလို့ ကျမကိုယ်တိုင် မပြောရတော့မှာလဲ၊ ကျမ ပြောတဲ့အထဲ အမှားအယွင်း ပါလာတယ်ဆိုရင်, ကျမကို မည်သူမဆို နည်းနည်းပါးပါး ညွှန်ကြားပြသပေးဖို့ တောင်းဆိုပါတယ်ရှင် ဂျန်ဝုရှီက ပြောလိုက်သည်။ သူမက ဖြည်းဖြည်းချင်း ရပ်၍ အခန်းထဲရှိ လူတိုင်းကို လှည့်ပတ်ကြည့်လိုက်သည်။