ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

540 48 0
                                    

Chapter 63
Chapter 63September 15, 2023
( လက်တွေ့ သင်ကြားခြင်း)



လင်းယောင်ယောင် သူတို့နှစ်ယောက်ကြား စကား၀ိုင်းကို စောင့်ကြည့်နေသည်ကို တွေးကြည့်ရုံဖြင့်ပင် သူမ ဂဏာမငြိမ်ဖြစ်သွားသည်။လင်းရွှမ်က ဂရုမစိုက်ဘဲ ရုတ်တရက်ရှင်းပြနေသည်။

"ချန်ပင်းကို ကိုယ်မပြောပြဘူး... သူ့ဘာသူသိတာပါ"

လင်းရွှမ်က ချန်ပင်းသူတို့နှစ်ယောက်အကြောင်းသိသလို လူတိုင်းကိုလဲ သိစေချင်သည်။သို့သော် လင်းယောင်ယောင်အားကြောက်ရွံ့အားငယ်စေပြီး နောက်ပြန်ဆုတ်သွားစေလိမ့်မည်။ယနေ့နေ့လည်တွင် ချန်ပင်း နှင့် တွေ့ဆုံမှုတစ်ခုလုံး၏ အသေးစိတ် အချက်အလက်အားလုံး လင်းရွှမ် သိနေသည်ကို လင်းယောင်ယောင် အချိန်အတော်ကြာမှ သိလိုက်ရသည်။

ကလေးမလေးက အနည်းငယ်ရှက်သွားသည်ကို မြင်သောအခါ လင်းရွှမ် ကကြိတ်ပြုံးလိုက်ပြီး....

"မင်းကို ၀ှက်ထားချင်လောက်အောင်ကိုအစားအသောက်တွေက အရသာရှိပြီး အကျိုးသက်ရောက်မှု အရမ်းကောင်းနေတယ်..."

သူ့စိတ်ထဲတွင် သူမ အကြောင်းများဖြင့်ပြည့်နှက်နေပြီး  လူသိရှင်ကြားဖြစ်၍မရ၊ သူ့အပိုင်အဖြစ်လူအများသိအောင် ကြေညာခွင့်မရသည်ကိုသူသိသော်လည်း ယုံကြည်စိတ်ချရသောအသိုင်းအ၀ိုင်းငယ်လေးတစ်ခုရှေ့မှာတော့ သူ့အတွေးတွေကို ဖုံးကွယ်ထားပြီး မျက်စိစုံမှိတ်ရှောင်နေဖို့ကို မလိုလားပေ။

သို့သော် မမြင်ရသောတစ်နေရာတွငတစ်ယောက်ယောက်က သူတို့ကိုစောင့်ကြည့်နေသည်ကို သိလိုက်ရသောအခါ လင်းယောင်ယောင် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ဒေါသကြောင့်မျက်နှာနီလာသည်။ သူမ ခြေဆောင့်နင်းလိုက်ပြီး စကားလမ််းကြောင်းလွှဲလိုက်သည်။

"ဒီနေ့ မက်ခါကို ဘယ်လိုစီမံရမလဲဆိုတာ သင်ပေးဦးမှာလား"

လင်းရွှမ်က ကလေးမလေး ဆက်ဆက်ထိမခံဖြစ်လာသည်ကိုမြင်သောအခါ အတင်းတွန်းအားမပေးနိုင်တော့သည်ကို သိလိုက်သည်။

"သင်ပေးပါ့မယ်"

သူက အမှောင်ထဲတွင်ပုန်းနေပြီး သူ၏စိတ်အတက်အကျနှင့်အင်တာနက်ဒေတာ မူမမှန်မှုများကို စောင့်ကြည့်နေသော လူယုံကို ညွှန်ကြားလိုက်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now