Chapter 65
Chapter 65September 16, 2023
( ဝေ့မိသားစုထံ သွားလည်ပတ်ခြင်း... )မကြာသေးမီက၊ လင်းယောင်ယောင် ကို Weibo တွင် ရှေးခေတ်တရုတ်အစားအသောက်များအား သင်ကြားရေးဗီဒီယိုကို နေ့စဉ်အပ်ဒိတ်လုပ်ရန် ပရိသတ်များက တောင်းဆိုခဲ့ကြသည်။ Star Network တွင် virtual ဖြည့်စွက်အစားအစာအသစ်များကို အပ်ဒိတ်လုပ်ရန်အတွက် "ရှေးခေတ်တရုတ်စားစရာအိမ်" ကိုလည်း ပြောထားကြသည်။ ထို့ကြောင့် လင်းယောင်ယောင် သည် Eleven ဖြစ်ကြောင်း မည်သူကမှ သံသယမရှိကြတော့ပေ။
အင်ပါယာ၏ပထမဆုံးတက္ကသိုလ် စစ်ပညာရေးအကယ်ဒမီ ၏ ကျောင်းဖိုရမ်တွင် သူမ၏ "ပီကင်းဘဲကင်" ချက်ပြုတ်နည်းသည် "Eleven" ကို အတုခိုးခြင်း ရှိ၊ မရှိ မေးခွန်းထုတ်သည့် ပို့စ်တွင် ကောမန့်ပေးသူများ၏ အမြင်က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထိုပို့စ်ကြောင့် သူမ၏ Weibo အကောင့်နှင့် Star Network ရှိ စားစရာဆိုင်ကို ရှာတွေ့သွားကြပြီး သူမ ပရိသတ်များ တိုးလာခဲ့သည်။ လူအများအမြင်တွင် "လူချမ်းသာသမီး" နှင့် "ဖက်ရှင်ဘလော့ဂါ" အဖြစ်အမြဲတမ်းတံဆိပ်ကပ်ခံထားရသော သူမသည် "ရှေးခတ်တရုတ်အစားအသောက် ဘလော့ဂါ" အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမ၏ ပရိသတ်များကလည်း မူလက သောင်းချီရှိရာမှ သိန်းချီအထိရှိလာကြသည်။
ယခုအချိန်တွင် စစ်ပညာရေးအကယ်ဒမီ ၏ အစားအသောက်ကုထုံးဌာနမှ ကျောင်းသားဟောင်းများသည် ရှေးဟောင်း တရုတ်အစားအစာများကို လေ့လာချင်လာကြသည်။ အင်ပါယာတစ်ခုလုံးရှိ ငယ်ရွယ်သောတက်သစ်စ အစားအသောက် လက်ထောက်ကုထုံး ပညာရှင်များသည် ရှေးတရုတ်အစားအစာများကို စတင်လေ့လာခဲ့ကြသည်။ အစားအသောက်ကုထုံးဌာနမှ ကျောင်းသားများကလည်း "ကျောင်းသားသစ် ဖလား" တွင် ပါဝင်ရန် သူမ၏ သင်ကြားရေးဗီဒီယိုမှ ဟင်းလျာများကို သုံးနိုင်မလားဟုလည်း မေးမြန်းလာကြသည်။သူမ အတွက် ထိုကိစ္စက ကြီးကြီးမားမားမဟုတ်ပေ။ သူမသည် ဟင်းချက်နည်းများကို လူသိရှင်ကြား ထုတ်ပြထားသောကြောင့် ရှေးဟောင်း တရုတ်အစားအစာများကို ဖြန့်ကျက်ပြီး အများက ပိုဝင်စားရန် မျှော်လင့်နေခဲ့သည်။ ထို့ကြောင့်၊ယခုလို တောင်းဆိုခံရသောအခါ သူမ အလွန်ပျော်ရွှင်နေရသည်။
BẠN ĐANG ĐỌC
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Lãng mạn💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...