အခန်း ၃၂

472 47 1
                                    

လျောင်ထင်ယန့်သည် သူတို့ သူတော်စဥ်တောင်ပေါ်က ဆင်းလာသည့်အချိန် ဘာကြောင့် စစ်မာကျောင်းက ထိုလူများအား တိုက်ရိုက်မသတ်ခဲ့မှန်း မသိခဲ့ပေ။ ထိုအစား ဤအိမ်တော်၌ နားခိုရန်ကမ်းလှမ်းသည်ကိုပင် လက်ခံခဲ့သည်။ ရုတ်တရက် စိတ်ကူးပြောင်းသွားပြီး စစ်မာကျောင်းသည် သူ့ကို ခေါ်ထုတ်ကာ မရှင်းလင်းသောအရာများကို လုပ်ချင်ခဲ့သည်။ လျောင်ထင်ယန့်ကဲ့သို့ သာမန်သေမျိုးမှာ ဘိုဘေး၏အတွေးများအား မည်သို့ နားလည်နိုင်ပါအံ့နည်း။ ထို့ကြောင့် လျောင်ထင်ယန့်သည် ဝတ်စုံလှလှလေးတစ်ခုကို ချက်ချင်းဝတ်ကာ သူနှင့် အတူထွက်လာခဲ့သည်။

လျောင်ထင်ယန့်သည် ပြည့်ပြည့်တင်းတင်းမစားခဲ့ရသည့်အပေါ် ကျေးဇူးတင်မိ၏။ မဟုတ်ပါလျှင် သူအရာတစ်ခုကို မြင်တွေ့ခဲ့ရပြီး အရင်ဆုံးအန်ထွက်ကာ စစ်မာကျောင်း၏အသတ်ကို ခံရလိမ့်မည်။

သို့သော် သူထပ်ပြီး ကောင်းမွန်လာသလို မခံစားရ။ သူ၏ကျင့်ကြံရေးအဆင့်မှာ သနားစရာကောင်းလှသော ချီသန့်စင်ရေးအဆင့်၌သာ ရှိနေပြီး ပိကူပင် မရရှိခဲ့ပေ။ သူတော်စဥ်တောင်ရှိ နေ့ရက်များမှာ ဝိညာဥ်စွမ်းအင်ရှိသောအစားအစာများနှင့် ပြည့်နှက်နေခဲ့သည်။ သာမန်အစားအစာများထက် သူ့အား စိတ်ကျေနပ်စေရန် ပို၍လွယ်ကူစေခဲ့သော်လည်း သူအစာမစားခဲ့ရသည်မှာတော့ အမှန်ပင် အတော်ကြာခဲ့လေပြီ။

လျောင်ထင်ယန့်သည် စစ်မာကျောင်းက သူ့ကို မြွေပေါ်ခေါ်တင်ပြီး အခြားနေရာများကို ခေါ်သွားသောအခါ ဗိုက်ဆာလာခဲ့သည်။

ဗိုက်ဆာသောသူများမှာ ထိုကဲ့သို့ပင်။ သူတို့ ဆာလောင်မှုကို သတိမထားမိချိန်တွင် ဘာမှမခံစားရသော်လည်း သူတို့ သတိထားမိသည့်အခါ စတင်၍ နေသာထိုင်သာမရှိသလို ခံစားလာရသည်။ အစားအစာအနံ့ကို ရလာလျှင် ပို၍ပင် နေမထိထိုင်မသာဖြစ်လာရသည်။ အခု လျောင်ထင်ယန့်မှာ ထိုသို့ပင်။ သူတို့ ပိုင်လီတောင်မှ လွတ်လာရုံရှိသေးနောက် ပန်းတောတစ်ခုကိုဖြတ်ခဲ့လေသည်။ သူသည် အရသာရှိသည့်အစားအသောက်ရနံ့ကို ရလိုက်၏။ အသားအနံ့မှာ လွန်စွာ မွှေးကြိုင်လှသည်။ အသားမစားရတာကြာသော လျောင်ထင်ယန့်ဖို့ ချက်ချင်းပင် သွားရည်များ ကျလာခဲ့သည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now