မကြာခင် စတင်တော့မဲ့ interview အတွက် ဂျေး အပါအဝင် studio က staff များပါ အလုပ်ရှုပ်နေလေရဲ့။ ပထမဆုံး သီချင်းထုတ်လုပ်လိုက်ပြီး 24 hours မပြည့်ခင်မှာပဲ 10M views နဲ့ 8.7M likes ရရှိခဲ့တဲ့
Meeting you music video ဟာဆိုရင် အကောင်းဆုံး သီချင်းအဖြစ် Top 1 မှာ ရပ်တည်နေလေ၏။Prada shirt နှင့် လိုက်ဖက်စေမည့် style pants နက်ပြာရောင် တစ်ထည် ထို့နောက် လူငယ် style bomber jacket အနက်တစ်ထည် ဝတ်ဆင်ထားတဲ့ ဂျေးဟာ Cornie တွေရဲ့ အသဲအား လှုပ်ခါစေရန် အမိန့်ပေးလျက်။
" မတွေ့ရတာတောင် ကြာပြီ ဂျေးရှီး "
" ဟုတ်ကဲ့ဗျ "
" Music video က မထင်တားတဲ့ အတိုင်း hit ထသွားတာပဲဗျာ "
ဂျေးဟာ ကျေနပ်စွာ သွားဖြူဖြူတို့အား ပေါ်သည်အထိ ပြုံးလေသည်။
ထို့နောက် မထင်မှတ်ထားတဲ့ မေးခွန်းတစ်ခုဟာ သူ့အားစီးကြိုလေသည်။
" ဂျေး မြို့ပြင်က အိမ်ကြီးတစ်အိမ်ကို ဝယ်ထားတာ အပန်းဖြေ villa အနေနဲ့လား ဒါမှမဟုတ် တစ်ခုခုအဖြစ်လား "
ဂျေးက မနေတတ်စွာ ရယ်လေသည်။
" ချစ်ရတဲ့သူနဲ့ အတူတူနေမလို့ပါဗျ "
" Wow!!!! "
MC နည်းတူ ဒီသတင်းအား Cornie လေးတွေကြားရင်လဲ အံ့ဩကောင်း အံ့ဩနိုင်ပါသည်။
တိတ်တိတ်ဆိတ်ဆိတ် ဝယ်တာတောင် ဘယ်လိုသတင်းပျံ့သွားလဲ ဆိုတာ ယခုထဲက သူ့ဦးနှောက်အား အလုပ်ပေးရ၏။
နာရီအတော်ကြာ ကျင်းပပြီးသည်တော့ interview ဟာ ချောချောချူချူ ပြီးဆုံးသွားခဲ့လေသည်။ အကျပ်ရိုက်စရာ မေးခွန်းတွေ လာနိုင်ကြောင်း ဆောင်းဟွန်းဟာ ပြောခဲ့ပင်မဲ့ ဂျေးက အေးအေးဆေးဆေးပင် နေခဲ့မိသည်။ ယောင်္ကျားစကား စော်ကားလို့။
" အတွင်းရေးမှူး မင် ဒီနေ့ schedule ပြီးပြီမဟုတ်လား "
" ဟုတ်ကဲ့ ပြီးပါပြီ "
" ဒါဆိုရင် ကျွန်တော်ဒီနေ့ company မသွားတော့ဘူးဗျာ လက်မှတ်ထိုးစရာတွေ ကျွန်တော်အကုန်ထိုးပြီးပြီ လုပ်စရာတွေလဲမရှိတော့ဘူး "
" ဟုတ်ကဲ့ပါ ဒါနဲ့ ဂျေးရဲ့ သူငယ်ချင်းကို သွားကြိုရအုံးမယ် လေယာဉ်က နောက်နှစ်နာရီဆို ဆိုက်ပါပြီ "
YOU ARE READING
𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓
Fanfictionပတ်ခ်ဆောင်းဟွန်းရဲ့ အမှားက ဘယ်ကစလဲလို့မေးရင် Jay Park လိုအတ္တကြီးတဲ့ လူနဲ့တွေ့တဲ့နေ့ကလို့ ဖြေမယ်။ Jay Park ရဲ့ အပျော်ရွှင်ရဆုံးအချိန်က ပတ်ခ်ဆောင်းဟွန်း အနားမှာ ရှိတဲ့အချိန်လို့ ဖြေမယ်