"အကို မောင့်ကိုကြယ်သီးတပ်ပေးအုန်းလို့"
"ကိုယ့်ဘာသာတပ်ပါလားမောင်ရယ်
ဒီမှာ အကိုမအားသေးဘူးလေ"နောက်လှည့်မကြည့်ပေမယ့် သူရိန့်မျက်နှာ စူပုတ်နေမှန်း ရှိုင်း သိသည်
ဒါမယ့် ရှိုင်း မှမအားတာ
ဘာလို့ဆို ရှိုင်းက ပုဆိုးနဲ့လိုက်မယ့် တိုက်ပုံအင်္ကျီရှာနေခြင်းဖြစ်သည်
မေကြီးထည့်ပေးလိုက်တယ် မှတ်နေတာ မထည့်ပေးခဲ့ဘူးလားမသိဘူးဒီနေ့က ဝါဆိုလပြည့်နေ့.......................
စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ဘုန်းကြီး 5ပါးပင့်ပြီး
ဝါဆိုသင်္ကန်း ကပ်ကြမည်ဖြစ်သည်
ဒါကြောင့် ကျောင်းထဲရှိ အောက်ခြေဝန်ထမ်းမှစပြီး ကျောင်းအုပ်ကြီးထိ အားလုံးကုသိုလ်ယူဖို့ အစောကြီးထကြသည်
ဒါကြောင့် အားလုံးနဲ့အတူတူ သူရိန်နဲ့ရှိုင်းထက်လည်း မနက်စောစောထပြီး ပြင်ဆင်နေကြခြင်း"အကို ဘာတွေရှာနေတာလဲ"
"အင်္ကျီလေ တော်ပါပြီရှိတာပဲ ဝတ်လိုက်တော့မယ်
လာခဲ့ ကြယ်သီးတပ်ပေးမယ်""ဟုတ် လာပြီ"
ရှိုင်း သူရိန့်ကို မျက်စောင်းလေးရွယ်ပြီး ကြယ်သီးတပ်ပေးမိသည်
"ရပြီ"
"ကျန်သေးတယ်လေ အကိုကလဲ"
"ဘာကျန်တာလဲ"
!မွ မွ
"အား သူရိန်ဘာလုပ်တာလဲ"
ရှိုင်း ရှက်ရှက်နဲ့ သူရိန်နမ်းသွားသော သူ့ပါးနှစ်ဖက်ကို လက်ကလေးနဲ့ အုပ်လို့"မောင့်ချစ်သူကို နမ်းလိုက်တာလေ"
"အခု မောင့်ကိုနမ်းရမယ့် အလှည့် အွန့်""ဘာလို့နမ်းရမှာလဲ မနမ်းပါဘူး"
သူ့ကိုနမ်းရန်ပါးလေးကို ကပ်ပေးလာသော သူရိန်က ရှိုင်းစကားကြောင့် မျက်နှာကြီးက ဒုတိယံပိ စူပုတ်သွားပြန်သည်
"မွ"
အနမ်းပေးပြီးပြီးချင်း ရှိုင်း အခန်းထဲက ထွက်လာခဲ့သည်
သူရိန်ကတော့ ရှိုင်းနမ်းသွားသောပါးလေးကိုကိုင်ကာ ပြုံးလျက်
***
"ရှိုင်း မှန်မှန်ပြော မင့်နဲ့သူရိန်က"
YOU ARE READING
အချစ်စတင်ရာ ကောလိပ် (စဆုံး)
Любовные романыကောလိပ်မြေမှာ ဖူးစာဆုံမယ့်ဇာတ်လမ်းလေးပါ ကျောင်းဆရာအလုပ် လုပ်မယ့်lgbtသူတို့နှစ်ဦးအတွက် ရင်ဆိုင်ရမယ့် ပြသနာတွေ အခက်အခဲတွေဆိုတာ သေချာပေါက်ရှိလာမှာပါ အဲ့ဒါတွေကို သူတို့ဘယ်လိုရင်ဆိုင်မှာလဲ အလျှော့ပေးမှာလား ရင်ဆိုင်မှာလား သူတို့ရဲ့ ဆက်ဆံရေးကကော အဆင်ပြေချေ...