Love=အချစ်
Part -13"ဖွားဖွားမေ ရှိုင်းဘာကူလုပ်ပေးရဦးမလဲဟင်"
"မလိုတော့ပါဘူးမြေးရယ်၊
မြေး ကူပေးနေတာ အားလုံးပဲလေ၊
သွား သွား မြေးရဲ့ကိုကို အိပ်ပုတ်ကိုသာ သွားနှိုးလိုက်ပါဦး""ဟုတ်ကဲ့ ဖွားဖွားမေ"
လှုပ်တုတ် လှုပ်တုတ်နဲ့ အပေါ်သို့တက်သွားသော ကလေးကိုကြည့်ကာ"ငါ့မြေး သဲသဲလှုပ်ပြီးတုန်နေတာလည်း မပြောနဲ့လေ၊
ဒီလောက်ချစ်ဖို့ ကောင်းနေတဲ့ကလေးလေးကို ဘယ်သူကမချစ်ပဲနေနိုင်မှာလဲ ၊
ဟုတ်တယ်မလား ဒေါ်ကြီးစိုးရေ""ဒါပေါ့ရှင် ရှိုင်းလေးစရောက်လာကတည်းက အိမ်လေးက ဆည်းလည်းလေးရောက်လာသလိုပါပဲ၊ အရင်ပုံစံလေးက သွက်"လက်"နဲ့ချစ်ဖို့ကောင်းသလို၊
အခုလို အရှက်အကြောက်ကြီးပြီး အေး"လေး နေတတ်ပုံလေးကလည်း တစ်မျိုးချစ်စရာကောင်းနေတာပါပဲရှင်""ဟုတ်ပါ့ ဟုတ်ပါ့"
.......................
'ကျွီ.."(တံခါးဖွင့်သံ)
"ကိုကို! ထတော့ ဖွားဖွားမေက မနက်စာစားဖို့စောင့်နေပြီ"
"အင်းးးးး"
အင်းးဆွဲကာ တစ်ဖက်ပြန်လှည့်အိပ်သွားတဲ့ကိုကို့ကြောင့်"ကိုကို!! ထပါတော့ဆို ရှိုင်းလည်း ဗိုက်ဆာနေပြီ"
ဘယ်လိုခေါ်ခေါ် လူးလှိမ့်အိပ်နေသူကြောင့် မနားရွက်နား ကပ်ကာ အော်ဖို့ပြင်သည့်အချိန်တွင်..
"အမေ့! ဟာ ကိုကို ဘာလုပ်တာလဲ လွှတ်ပါ၊ နိုးရင်လည်းထတော့နော်"
နိုးနေတာဖြင့်ကြာလှပြီ၊ ချာတိတ် ကိုယ့်ကို ဘယ်လိုနှိုးမလဲ သိချင်တာကြောင့် အိပ်ချင်ယောင်ဆောင်နေရသည်၊ တစ်ခါနှိုးမရ နှစ်ခါနှိုးမရဖြစ်နေတာမို့ လူကြီးလေးလို သက်ပြင်းလေးပါချလိုက်သေးတာ ပေါက်စက၊ ခဏအကြာမှာ မျက်နှာနားကို ကပ်လာတယ်လို့ ခံစားရလို့ကြည့်လိုက်တော့ တကယ့်ကို နီးနီးလေးမှနီးနီးလေးပဲ၊ သူ့ကိုစချင်တာရော ကိုယ့်စိတ်ထဲကပါတာရောကြောင့် တစ်ဖက်ကို ဆွဲပွေ့ကာလှည့်လိုက်တော့ အော်တော့တာပဲ.."
"ကိုကို!! လွှတ်ပါ"
"မလွှတ်ဘူးကွာ၊
ဟော့ဒီလိုဖက်ပြီး ဟော့ဒီလိုနမ်းပစ်မှာကွာ ရွတ်...အာ မွှေးနေတာပဲကွာ ၊
နောက်တစ်ဖက်ကျန်သေးတယ် ရွှတ်.."
YOU ARE READING
☀️Love = အချစ်🌻 (Completed)
Romansa☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာတယ်လို့ထင်နေတာလား၊ငါကလည်းမင်းကိုမယူချင်ပါဘူး .. (Vitamin) ဘ...