Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၁၉) --------
မနက်ခင်း (၅)နာရီ...။
မနေ့ညက စောစောအိပ်ယာဝင်ခဲ့ရတာမို့
ဒီနေ့မှာ နယောကအစောကြီးနိုးနေခဲ့သည်။
အလင်းရောင်ပင် ကောင်းကောင်းမဝင်သေးသည့်
အခန်းအားကြည့်ကာ နယော ပထမဆုံး
လုပ်မိသည့်အရာက ကိုယ်ပေါ်မှစောင်အား
အသာလှပ်လို့ သူမ၏ဘယ်ခြေထောက်အား
ထုတ်ကြည့်ရင်းနဲ့
သဘောတကျ ပြုံးလိုက်မိတာပါပင်။ပိန်သွယ်သွယ်ခြေကျင်းဝတ်လေးထက်
လှလှပပနဲ့ကို နေရာယူထားခဲ့သည့်
foot-chainလေးက အမှောင်ထဲမှာတောင်
တလက်လက်တောက်ပလျှက်။
လက်ဝတ်ရတနာတွေကို
နယော မမက်မောသော်ငြားလည်း
လက်သူကြွယ်မှာရှိနေသည့်
လက်ထပ်လက်စွပ်လေးပြီးရင်
ကိုကိုပေးသည့် ဒီfoot-chainလေးက
ဒုတိယမြောက် နယော အမြတ်နိုးရဆုံး
ပစ္စည်းလေးတစ်ခုဖြစ်လာခဲ့သည်...။စားပွဲပေါ်မှမီးအိမ်အား နယောဖွင့်ပြီးနောက်
ရေချိုးခန်းထဲဝင်ဖို့လုပ်လိုက်ပေမဲ့...အကျီချိတ်သည့်စင်မှာ
ရှိနေသည့်Rainကုတ်အကျီထဲမှ
အနည်းငယ်အစွန်းထွက်နေခဲ့သည့်
ကတ္တီပါဗူးနီလေး။ရတနာဗူးလေးဖြစ်ပုံပေါ်တာမို့
သူမခြေထောက်မှfoot-chainလေးအား
နယောသတိရကာ လှမ်းယူလိုက်မိသည်။
ဗူးအားယူကာဖွင့်ကြည့်လိုက်ပြီးမှ
သူမ,အထင်မှားသွားပြီမှန်း
နယော သိလိုက်ရတော့သည်။အထဲမှာရှိနေသည့်ဆွဲကြိုးလေးက
အတော်လှကာ စျေးကြီးပုံပေါ်ပြီး
သေချာကြည့်ရင် နယောရဲ့foot-chainလေးနဲ့တောင်
၇၀%လောက်က တူညီနေခဲ့သည်။
သေချာပေါက်ကို ထိုနှစ်ခုကအတွဲလိုက်ပင်
ဝတ်လို့ရသည့်ပုံစံမျိုး။ကိုကို သူမအတွက် ဝယ်ခဲ့တာများလား...။
ထိုသို့တွေးမိရုံနဲ့တင် နယောရင်ထဲကြည်နူးကာ
နှုတ်ခမ်းလေးတွေကပါ မပြုံးဘဲမနေနိုင်ခဲ့။ကိုကိုကိုယ်တိုင် ပေးမလာသေးတာမို့
နဂိုနေရာမှာသာ နယောပြန်ထားလိုက်ရင်းနဲ့
ရေချိုးခန်းထဲသို့သာ ဝင်ခဲ့လိုက်တယ်။