[Zawgyi]
EP🚨14🚨🚨🚨Warning အကြီးစားပေးပါတယ်.
ညစ်ညမ်းသည့်စကားလုံးများကို
ပွင့်လင်းစွာ သုံးနှုန်းထားတာမို့..ကြိုက်မှ ဖတ်ကြနော်🚨ကျောင်းဆေးခန်းထဲက ကုတင်ပေါ်မှာ
ကျွန်တော် နိုးလာခဲ့တယ်။ကျွန်တော်ကုတင်ဘေးမှာ မင်းဆက်သွင်
က စိတ်ပူစွာ ထိုင်စောင့်ကြည့်နေခဲ့ပုံရသည်။""သတိရလာပြီလား..ခေါင်းက နာနေသေးလား...""
သူ့ရဲ့အမေးကို ကျွန်တော် ခေါင်းခါပြလိုက်ပြီး ကျွန်တော်ကိုယ် အပေါ်ပိုင်းကို အနည်းငယ် မတ်လိုက်ပြီး..
""ဟို...မောင်....အဲ...မြတ်သောမောင် ...သူရော အဆင်ပြေလား..""
ကျွန်တော် မဝံ့မရဲမေးလိုက်တော့။
မင်းဆက်ရဲ့ မျက်နှာက အလိုမကျဟန်ချက်ချင်းမဲမှောင်သွားတော့သည်။""ဘာလို့..အဲ့ကောင်ကို မေးရတာလဲ..သူက မင်းကို ထိခိုက်နာကျင်အောင်
လုပ်တဲ့သူနော်..""""မဟုတ်ဘူး...မင်းဆက်...မောင်က..တမင်လုပ်တာ မဟုတ်ပါဘူး..'"
ကျွန်တော် တိုးတိတ်စွာ ငြင်းဆန်လိုက်တော့ မင်းဆက်မျက်နှာက မဲ့ကျသွားတော့သည်။
""မာန်ဝင့်ထည်...မင်းတော်တော် မွှန်နေပြီလား...""
မင်းဆက်၏ စကားကြောင့် ကျွန်တော် ကြောင်အ..လို့နေသည်။
""ပြောလေ...သူက ဘာတွေများ ကောင်းနေလို့...မင်းက..သူမှ သူ ဖြစ်နေရတာလဲ..မင်းမေ့သွားပြီလား...သူ မင်းကို ဘယ်လိုတွေ အနိုင်ကျင့်ခဲ့လဲ..မင်းကို
သူ ဘယ်လိုတွေ ရင့်ရင့်သီးသီး ပြောဆိုခဲ့လဲဆိုတာ...မင်းမေ့သွားပြီလား...""""တော်တော့...မင်းဆက်...မောင်က..အရင်လို..မဟုတ်တော့ဘူး...""
ကျွန်တော် လေသံမာမာနဲ့ မင်းဆက်ကို ပြန်ပြောလိုက်မိသည်။
မင်းဆက်ရဲ့ မျက်နှာပေါ်မှာ အံ့ဩမှုတွေ ပြည့်နှက်လို့သွားသည်။
""ဟား....ဟား....ဟား...ဟား...မင်းက သူ့အတွက်နဲ့ ငါ့ကိုတောင် ပြန်အော်နေပြီပေါ့လေ...ကောင်းတယ်...အရမ်းကို ကောင်းတယ်....ဟား...ဟား....""

VOUS LISEZ
🚨တစ်ခါတုန်းကကျောင်းတော်🚨21+
Roman d'amourအမြဲအနိုင်ကျင့်ခံနေရတဲ့ေကာင်လေးရယ် အမြဲတမ်း ဗိုလ်ကျပြီး အနိုင်ကျင့်တတ်ကောင်လေးရယ် သူတို့ နှစ်ဦးကြားမှာ ပေါက်ဖွားလာတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။