သာယာတဲ့ ရာသီဥတုနဲ့အတူ မဟာမိသားစုရဲ့ကားလေးဟာ တောအုပ်တစ်ခုထဲသို့ တရွေ့ရွေ့မောင်းနှင်လာခဲ့တယ်။ ကားခေါင်းခန်းမှာတော့ ဦးသူရိန်နဲ့သုတတို့ပါပြီး အလယ်ခုံမှာတော့ နေသစ်နဲ့ Rue တို့ပါတယ်။ ကလေးသုံးယောက်ကိုတော့နောက်ဆုံးခန်းမှာထားထားလိုက်တယ်။
"ဦး....အိမ်က တောထဲမှာလား.."
"ဟုတ်တယ် သုတ တောနက်တယ်...အိမ်ကတော့ တော်တော်ကြီးတယ်။ ဦးတို့အိမ်လောက်မကြီးပေမယ့် ပေ၈၀ပတ်လည်လောက်တော့ ရှိတယ်။"
"တော်တော်ကျယ်တာပဲ..."
"ဟဲ့ရောင် ဒယ်ဒီက ဒီအိမ်ဝယ်တာ ငါ့ကိုတောင် မပြောဘူး။"
"ဟုတ်လား ဦး..."
"အွန်း အကုန်လုံးကို suprise ဖြစ်ပြီး ပျော်စေချင်လို့ပါ။"
ဉီးသူရိန် ဒီအိမ်ကို ဝယ်တော့ ဘယ်သူ့ကိုမှ မပြောပဲ ဝယ်ခဲ့တာ...တောထဲမှာ ဝယ်ခဲ့တာကလည်း သူတို့ကို အေးအေးဆေးဆေး အနားယူစေချင်လို့လေ...
"သုတရော့ မုန့်စားဦး..."
"အေး Rue..."
Rue က အနောက်ခန်းကနေ မုန့်လှမ်းပေးတာကြောင့် သုတ လှမ်းယူလိုက်တယ်။
"ဦး...မုန့်.."
သုတ သူ့လက်ထဲရောက်လာတဲ့မုန့်ကို ဖောက်ပြီးတာနဲ့ ဦးကို အရင်ကျွေးလိုက်တယ်။
"Rue.....မောင့်ကိုရော မပေးချင်ဘူးလား..."
"အော်မောင်ကလည်း ရော့..."
"ခွံကျွေး..."
"မောင်! ဘေးမှာ သူများတွေရှိတယ်လေ..."
"နေသစ်! ပြီးရင် မင်းလာမောင်းဦး...အချောင်ပဲခိုမနေနဲ့...ဦး တစ်ယောက်တည်းမောင်းနေရတာ..."
"ရတယ် သုတ ခနနေ ရောက်တော့မယ်။"
"နာ့မုန့် ပေး!!!!!"
"ပေးဘူး!!!!!"
"ညီလေးတို့ ရန်မဖြစ်ရဘူးလေ.."
"ကျားကျားမုန့်ရို သူယူရာ..."
"နာ့မုန့် မင်းဟာဟုတ်ဘူး..."
"အီးဟီး.....ရှိုင်း ရိန်နာ။ ကျားကျားဟာ.."
"လာ ရှိန်း ကိုကို့မုန့်စား..."
"ဟုတ်ဘူး အဲ့ဟာပဲရှားမှာ.."