Unicode
သူထပ်ပြီး အဖြူရောင်လွင်ပြင်ထဲရောက်လာပြန်သည်။ ဒီတစ်ခါတော့ သူ ဘေးဘီဝဲယာ ယောင်လည်လည်မကြည့်ဖြစ်။ အဘယ်ကြောင့်ဆိုသော် ထုတ်ချင်းပေါက်ထားသည့် ညာဘက်ရင်အုံသည်တစ်ဆစ်ဆစ်နာနေပြီးလှုပ်၍ပင်မရသောကြောင့်ဖြစ်သည်။ ဒီတစ်ခါတော့ သူပြန်၍သွားလို့ရတော့မည်မဟုတ်ပေ။ ကံကြမ္မာက သူ့ကိုနောက်ထပ်အခွင့်ရေးတော့ပေးမည်မဟုတ်ချေ။ သို့ပေမယ့်လဲ သူကျေနပ်ပါသည်။ ဒီဘဝမှာ သူချစ်ရတဲ့သူကို ကာကွယ်နိုင်သလို..အရာအားလူံးကိုလဲ သူပြင်ဆင်နိုင်ခဲ့သည်လေ။ထို့နောက် မျက်လုံးများမှိတ်ချလိုက်ကာ ခန္ဓာကိုယ်ကြီးကပေါ့ပါးကာ လေဟာနယ်ထဲရောက်သွားသလို သူ့ရဲ့အသိစိတ်တို့ကလဲလုံးဝနတ္ထိမရှိတော့ပေ။
(ဤအပိုင်းမှစ၍ ရာဇ်နှင့်ပန်းရုံတို့ စတွေ့သည့်အတိတ်ကချိန်ကို ဖော်ပြပေးမှာဖြစ်သည်။)"ခစ်ခစ်....ဟိဟိ..."
"သခင်လေး...မပြေးပါနဲ့ရှင့်...ဒေါ်ကြွယ်ကမလိုက်နိုင်တော့ဘူးရှင့်..."
ဒေါ်ကြွယ်ရှေ့မှပြေးနေသော ၆နှစ်သားအရွယ်ကလေးလေးကို နောက်မှလိုက်ဖမ်းကာ ထမင်းကျွေးရန်ခေါ်နေတာဖြစ်သည်။ မကြာမီ စစ်သူကြီးဧကသစ္စာ ပြန်လာတော့မည်ဖြစ်တာကြောင့် ထမင်းကျွေးရမည်။ စစ်သူကြီးက သူ၏သားလေးကိုအရင်မကျွေးထားလျှင်ပြန်ရောက်သည်နှင့် ဒေါ်ကြွယ်တို့ ဆူခံရမည်ဖြစ်သည်။
"ဟင်းး...မောသွားပြီ...ဒေါ်ဒေါ်ကြွယ်က အသက်ကြီးနေပြီအာ့ကြောင့်သားကရပ်လိုက်တာ...."
"ဧကရုံ...."
ဒေါ်ကြွယ်နောက်မှအသံကြောင့်လန့်သွားကာ ကြည့်လိုက်တော့စစ်သူကြီးပင်။
"ခမည်းတော်ကလဲ လန့်သွားတာဘဲ...သားကခုထမင်းစားတော့ဖို့ပါ...."
မျက်နှာလေးပြုံးကာ ပြောနေသောကလေးကိုကြည့်ကာ စစ်သူကြီးထပ်ပြောဖို့စကားပြောရန်ပင်မရှိတော့။ သည်ကလေးသည်မွေးထဲကမျက်နှာမြင် ချစ်ပါစေ ခင်ပါစေဆိုသည့်ဆုတောင်းနှင့်ပြည့်ခဲ့ပုံပေါ်သည်။ မိခင်ကလဲ မွေးထဲကမီးတွင်းထဲတွင် ဆုံးသွားသည်။ မိတဆိုးလေးမို့လဲ မျက်နှာအပျက်မခံပေမယ့် ဧကလေးဟာ မွေးထဲကသူ့ကိုအခက်တွေ့အောင်ပင်မလုပ်။ စကားဆိုလဲနားထောင်ကာသူတစ်ပါးကိုလဲ ဒီအရွယ်ထဲက စဥ်းစားပေးတတ်ကာ အရမ်းကိုဖော်ရွေတတ်သည့်ကလေးဖြစ်သည်။
YOU ARE READING
Rebirth for Love (Completed)
RomanceBL romance. role sensetiive ဖြစ်တဲ့ လူတွေ မဖတ်ဖို့အကြံပြုချင်ပါတယ်