Unicode
"ဟေ့!!.........ဂျောင်ကု!!!"
"အာ့!"
ထယ်ယောင်း အလျင်အမြန် ထိုကောင်လေးရဲ့လက်အားလှမ်းဆွဲလိုက်တာကြောင့် အရှိန်နှင့်သူ့ရင်ခွင်သို့ပစ်ဝင်လာခဲ့သည်။ဂျောင်ကုခဗျာ ထယ်ယောင်းကြောင့် တုတ်ဖြင့်ရိုက်ခံထိဖို့အရေးလွတ်သွားသော်လည်း ထယ်ယောင်းမှာတော့ လက်မောင်းထက် ပြင်းထန်စွာကျရောက်လာသော ရိုက်ချက်အား မရှောင်လွှဲနိုင်ခဲ့ပေ။ဆစ်ကနဲနာကျင်မှုနဲ့အတူ ဒေါသမီးများလှိုက်တက်လာခဲ့သည်။သူ့လက်မောင်းကိုရိုက်လိုက်တဲ့တရားခံရဲ့ခေါင်းကို လက်ထဲရှိတုတ်ဖြင့် အားကုန်လွှဲရိုက်ပစ်လိုက်သည်။
အနားရှိ အခြေအနေမှာ လုံးထွေးပုတ်သတ်ကာ ရှုပ်ထွေးနေကြပြီး ဂျောင်ကုကိုမြင်လိုက်ရသည့်နောက် သူ့စိတ်ကပါအကြောင်းအရင်းမရှိ ရှုပ်ထွေးလာရတော့သည်။
"မင်းကဘာလို့ ဒီမှာရှိနေရတာလဲ......ဟမ်!!"
သူလည်း စိတ်မောမောနှင့် ထိုကောင်လေးရဲ့ပုခုံးနှစ်ဖက်အားဆုပ်ကိုင်ပြီး အသံမာမာဖြင့် မေးလိုက်ရာ သူ့အားမော့ကြည့်လာသည်။သူ့ကိုမြင်ပြီးနောက် မျက်ဝန်းအစုံပြူးကျယ်လို့လာတဲ့ ထိုကောင်လေးက အံ့ဩတကြီးစိုက်ကြည့်လာလေ၏။
"အစ်ကိုထယ်ယောင်း!!.....အစ်ကိုက ဘယ်...ဘယ်လိုဖြစ်ပြီး~~"
အံ့အားသင့်နေတဲ့ ထိုကောင်လေးကိုရပ်ကြည့်နေဖို့ ထယ်ယောင်းအတွက်အချိန်မရှိပါလေ။သူ့အနေနဲ့ သွေးသံတရဲရဲရန်ပွဲမှာ ထိုကောင်လေးကို ဥပေက္ခာပြုထားဖို့ရလောက်အောင်လည်း စိတ်ကပြတ်သားခြင်းမရှိ။ဒါကြောင့် တိုက်ဆိုင်လွန်းတဲ့ ကံကြမ္မာကိုစိတ်ပျက်မိရုံကလွဲ ဘာမှမတတ်နိုင်ပေ။ထိုကောင်လေးထံမှ အကြည့်လွှဲကာ သူ့ရဲ့တာဝန်ကိုအပြီးဖြတ်ဖို့အရေး ကြိုးပမ်းရတော့သည်။
"ငါ့အနားမှာပဲနေ"
"ခွပ်!!"
"အား!!"
ထယ်ယောင်းမှာ အနားကပ်လာသည့်ကောင်မှန်သမျှ တိုက်ခိုက်ကာ သူ့နောက်ကျောဘက် ကပ်လျက်ရှိတဲ့ ဂျောင်ကုကိုလည်းဂရုစိုက်ရဖြင့် ပို၍ဗျာများနေရတော့သည်။