အပိုင်း 1

8.1K 170 14
                                    

အပိုင်း 1

"ကျိ..ကျိ"

ငှက်ကလေးတွေရဲ့ အော်မြည်သံကို လမင်းငယ်တစ်ယောက်ကြား‌နေရသည်။
သိပ်ကြည်နူးဖွယ်ကောင်းသော ဂီတသံပမာ နားထောင်လို့ကောင်းလွန်းသည်။
အသံဖြစ်တည်လာရာကို ရှာ‌ဖွေကြည့်လိုက်တော့ အချစ်သစ်ပင်ဆီမှဖြစ်နေသည်။

လမင်းငယ် တစ်ယောက် အချစ်သစ်ပင်လို့ တင်စားခေါ်ဝေါ်ထားရတဲ့ သကြားပင်ကို စိုက်ကာကြည့်လိုက်သည်။

သကြားသီးသိပ်ကြိုက်သော မ အတွက် သူကိုယ်တိုင် ထိုအပင်လေးကိုစိုက်ခဲ့တာ 1နှစ်ရှိခဲ့လေပြီ။

မ က သူ့အားအဖြေပြန်ပေးခဲ့တဲ့ ထိုနေ့‌လေးမှာ စိုက်ခဲ့တာဖြစ်၏။

မ ...ထို မ ဆိုသော လူသားလေးမှာ လမင်းငယ်ရဲ့ တစ်ဦးတည်းသော ချစ်ရသူ၊ငယ်စဉ်ကတည်းကချစ်ရသူ ဖြစ်တဲ့ မမနွေရိပ်ငြိမ်ပင်ဖြစ်သည်။

မမနွေက ချောသည်။ကျက်သရေရှိသည်။
လူကြီးဆန်သည်။ဖော်ရွေပြီး အလုပ်ကို ကြိုးစားလွန်းတဲ့မမနွေက သူ့အား ဆုံးမစကားတွေပြောတတ်သည်။

မမနွေနဲ့ သူနဲ့ချစ်သူဖြစ်တာကို မမနွေရဲ့အရင်းနှီးဆုံးလူတွေ၊လမင်းငယ်ရဲ့အရင်းနှီးဆုံးလူတွေလောက်သာသိသည်။
တစ်ချိန်တွင်မူ အားလုံးကို ချပြပြီးတွဲဖို့စိတ်ကူးထားသည်။
အသက် 25နှစ်ဖြစ်တဲ့ မမနွေရိပ်ငြိမ်က လမင်းငယ်ထက် 2နှစ်သာကြီးသည်။

လမင်းငယ်တို့ရွာလေးမှာ အလည်ရောက်ရွာဆိုသည့် ရွာကလေးဖြစ်သည်။
မမနွေရဲ့ရွာကလေးမှာ ရွှေမန်းသူရွာဖြစ်သည်။
ရွာချင်းကပ်ရပ်ဖြစ်တဲ့ မမနွေနဲ့သူက ငယ်စဉ်ကတည်းက ကျောင်းမှာခဏခဏတွေ့ရတတ်သည်။

လမင်းငယ်တို့ရွာက မူလတန်းအထိသာရှိပြီး မမနွေတို့ရွာက အလယ်တန်းကျောင်းထိရှိတာမို့ 4တန်းအောင်ပြီးနောက် မမနွေတို့ရွာမှာကျောင်းသွားတက်ရသည်။

ထိုမျှပင်မကသေး...မမနွေနဲ့သူနဲ့ ရေစက်ပါပုံက လယ်တောထဲမှာလည်း‌တွေ့ရတတ်သေးသည်။

မမနွေတို့ လယ်က လမင်းငယ်တို့လယ်နဲ့ ကပ်ရပ်ဖြစ်သည်။

လူကြီးတွေ တောထဲသွားရင် လိုက်ချင်လို့ဆိုပြီး ပူဆာတတ်တဲ့ လမင်းငယ်တစ်ယောက် အမှန်တကယ်တောထဲလိုက်ချင်ရသည့်အ‌ကြောင်းအရင်းမှာ မမနွေကြောင့်ပင်။မမနွေက သူ့မိဘတွေနဲ့တောထဲလိုက်လာတတ်သောကြောင့်ဖြစ်သည်။

နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)Where stories live. Discover now