"တကယ်ကြီး အိမ်ပြင်ထွက်သွားတာလား..."
နေသစ် တစ်အံ့တဩမေးလိုက်တယ်။
"ဟုတ်ပါတယ်ဆိုကွာ..ငါ ဦး ကိုတော့ မပြောတော့ဘူး တော်ကြာ ဉီး သူခေါ်လာလို့ဖြစ်တာဆိုပြီး စိတ်မကောင်းဖြစ်နေမှာဆိုးလို့.....မင်းလည်းRue ကိုပြောမနေနဲ့..."
"အေးပါကွာ စိတ်ချ! ရှိန်းက တကယ်မလွယ်ဘူး..သူက ဆိုးတာလဲမဟုတ် ရိုင်းတာလည်းမဟုတ် သူကတစ်မျိုးပြဿနာရှာတာ..."
"အေး အရမ်းသိချင်စိတ်များလွန်းတယ်။ သိပ်လည်းအကြောက်အလန့်မရှိဘူး။ အဲ့တာကို ငါကစိတ်ပူတာ...ပြီးတော့ကွာ ပေါက်ကရတွေက ပြောသေးတယ်။ မနေ့ကလည်း နတ်သားတွေ့ခဲ့တယ်တွေ ဘာတွေလျှောက်ပြောနေတာ..."
"အေးကွာ ခုရော.."
"ခုကြ အိပ်နေတယ် နှိုးလို့ကိုမရဘူး...ညက ငါသူ့တစ်ကိုယ်လုံးပေနေလို့ဆိုပြီး ရေချိုးပေးတော့ ဦးနိုးလာသေးတယ်..."
"အဲ့တော့ မင်းဒယ်ဒီ့ကို ဘာပြောလိုက်လဲ..."
"ရှိန်း အီးပါချလို့ ရေချိုးပေးရတာလို့ပဲ ပြောလိုက်တယ်။"
"အေးပေါ့ ဒယ်ဒီမရိပ်မိတာပဲ ကောင်းပါတယ်.."
"မောင်! သုတ! အန်ကယ် ခေါ်နေပြီ..."
သူတို့စကားပြောနေတဲ့ အချိန် လာခေါ်တဲ့ Rue ကြောင့် သူတို့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာရိပ်မျက်နှာကဲပြပြီး စကားလမ်းကြောင်းရပ်လိုက်တယ်။
"လာပြီ Rue...."
-
-
-
"ငါတို့ ဒီနားက စမ်းချောင်းမှာငါးသွားမျှားကြရအောင်...သုတ နဲ့ Rue က မီးဖို အဆင်သင့် လုပ်ထားနော် ငါးမျှားလို့ရလာတာနဲ့ ကင်စားကြမယ်...""ဒယ်ဒီ! ကျွန်တော်တို့ ဘယ်သူငါးပိုရလဲ ပြိုင်ကြမလား...."
"စိန်လိုက်လေကွာ...."
"မင်းရှူံးမှာ နေသစ်! ဦး မွေးလို့မင်းဖြစ်လာတာ...ယှဉ်လို့ရမယ်များထင်နေလား..."
"မောင် နိုင်တာလည်း ဖြစ်နိုင်တာပဲ။ မောင်က လူငယ်ဆိုတော့ ပိုသွက်တယ်လေ..."
"နိုးပါ ဦးနိုင်မှာ နော် ဦး ဟုတ်တယ်မလား..."
"သေချာတာပေါ့..."