part-1

35 5 1
                                    

ရန်ကုန်မြို့ရဲ့အလယ်ကြတဲ့မြို့ငယ်လေးတခုမှာနံနက်ခင်းအချိန်ကားသံ စက်ဘီးသံ ဆိုင်ကယ်သံ လူသံများနဲ့ပြည့်နေတဲ့ချိန်

ထိုမြို့ရဲ့ရပ်ကွက်ငယ်လေးတခုရှိနှစ်ထပ်တိုက်ရဲ့အခန်းငယ်လေးတခုတွင်လူငယ်လေးတဦးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်ထိုအချိန်မှာပဲတံခါးခေါက်သံနဲ့အတူ
"သားမော်ကွန်းမထသေးဘူးလာဒီနေ့ပထမဆုံးကျောင်းတက်ရက်လေနောက်ကျတော့မှာပဲသားမော်ကွန်းသားငယ်"
ထိုအခါအခန်းထဲကလူငယ်လေးရဲ့အသံထွက်ပေါ်လာသည်
"ဗျာအမေသားထပါပီ ခုထပီအမေ"
"အေးအေးမြန်မြန်ရေမိုးချိုးတော့ 7နာရီဖစ်နေပီမနက်စာစားရဦးမယ်လေ"
"ဟုတ်အမေသားအခုထချိုးပီးဆင်းလာခဲ့ပါမယ်"
"အေးအေး နောက်တခေါက်လာမနိုးချင်ဘူးနော်"
"ဟုတ်ကဲ့ပါ အမေရ"
"အေးအေး ပီးတာပဲ"ဆိုကာကျွန်တော့်ရဲ့မာတာမိခင်ပွစိပွစိတော့အောက်ထပ်ကိုဆင်းသွားပီကျွန်တော့်အိပ်ယာထဲကနေရုန်းမထွက်ချင်သေးဘူးညက၂နာရီမှအိပ်ခဲ့သောတန်ခိုးများပြလေးပီမတတ်နိုင်ဘူးထရတော့မှာပဲကဲကျွန်တော့်ရဲ့တနေ့တာခရီးစရတော့မှာပဲဒါပေမဲ့ဒီနေ့လေးကပိုထူးတယ်ဘာလို့ဆိုကျွန်တော့်ပထမဆုံးကျောင်းတက်ရက်လေကျွန်တော်ပျော်နေပါပီကျွန်တော့်ရဲ့တလွဲစိန်သူငယ်ချင်းမနန္ဒာရယ်နှာခေါင်းလေးမဆိုသလောက်ဘူးတဲ့သူငယ်ချင်းလေးကောင်းသန့်နဲ့အတူတက်ရတော့မှာလေကိုယ့်အတွေးနဲ့ကိုယ်တော့ပျော်နေမိသားဗျကဲရေချိုးဖို့လုပ်ငန်းစရတော့မယ်
ရေချိုးခန်းတွင်ရေချိုးရင်းသီချင်းဆိုနေတဲ့လူငယ်လေး
"Baby shark do do do do do"ထိုအချိန်အပြင်မှမာတာမိခင်ကြီးရဲ့အသံပေါ်ထွက်လာခဲ့သည်
"သားမော်ကွန်းမပီးသေးဘူးလားရေတခါချိုးတာအဲ့လောက်ကြာသလား၇ခွဲတော့မယ်မနက်စာစားရဦးမယ်လေ"
"မေကြီးရေသားပီးတော့မယ် အဝတ်လဲပြီးဆင်းခဲ့မယ်ဗျ"
"အေးနောက်တစ်ခေါက်ထပ်လာရလို့ကတော့အတွေ့ပဲနော်မော်ကွန်းကြားလာမုန့်တေအေးကုန်ပီးမြန်မြန်လုပ်"
"ဟုတ်မေကြီးဟုတ်"ဟုပြောပီးချိန်အမေ့ခြေသံများကအောက်သို့ဦးတည်သွားသည်ကျောင်းတက်ရမှာကကိုယ်ပါကိုယ့်ထက်အမေကပိုရင်ခုန်နေတယ်ဟူးးးးးအမေနဲ့မလွယ်ပါလားနော်။
ရေမိုးချိုးအဝတ်စားလဲပီးလို့အောက်ထပ်ဆင်းကာထမင်းစားခန်းထဲသို့ဝင်သွားချိန်မနက်စာအတူစားဖို့စောင့်နေတဲ့ဖေဖေ့အပြုံးကိုစတင်တွေ့လိုက်ရသည်အရမ်းကိုချိုမြိန်တာပဲအော်ပြောရဦးမယ်ကျွန်တော့်ကဖေဖေကိုတအားချစ်အချစ်ဆုံးလေအတွေးများမဆုံးသေးမေ့မေ့မျက်စောင်းကကျွန်တော့်ဆီကိုတိကနဲရောက်ချလာသည်ကျွန်တော်ထိုင်ခုံမှာအမြန်ထိုင်ထမင်းစားပွဲကိုကြည့်တော့ဘာစားစရာမျှမရှိအမေ့လှမ်းကြည့်တော့အမေ့ဆီမှစကားသံများဟာတရက်စက်ထွက်ပေါ်လာခဲ့သည်
"ကြည့်မနေနဲ့ နောက်ကျမှနိုးတော့မနက်စာတေကအေးကုန်တယ်လေမိနွယ်ကိုအခုနွေးခိုင်းထားတယ်ခဏစောင့်အိပ်ပုတ်ကြီးပီအခုမှလည်းနိုးသေးတယ်ဗိုက်ဆာတဲ့မျက်နှာပေးလုပ်မနေနဲ့စောင့်နေ မိနွယ်ရေပူရုံဆိုရပီသမိးဒီမှာနင့်မောင်ကဆာနေပီ"
ကျွန်တော့်ဘာမှမပြောရသေးပါပဲတရက်စက်ပြောသွားတဲ့မာတာမိခင်ကမမနွယ်ကိုပါတစက်တည်းမှာကြားနေသည်
"အမေဘာစားရမှာလဲသားက ပူအောင်လုပ်နေတာ"လို့မေးတော့အမေက
"မုန့်ဟင်းခါးလေ သားအဖေကလည်းမုန့်ဟင်းခါးစားချင်တယ်ဆိုလို့ အဲ့ဒါမေမေစျေးထဲကသားတို့သားအဖအရမ်းကြိုက်တဲ့ဆိုင်ကဝယ်လာပေးခဲ့လိုက်တာ စားပီးရင်သားအဖေကားနဲ့လိုက်ပို့လိမ့်မယ် တူတူသွားနော်"ဟုဆိုလာသည့်မေမေကိုပြုံးပြ၍ တစ်ချက်သာခေါင်းငြိမ်ပြလိုက်သည် ဖေဖေ့ကိုကြည့်တော့ကျွန်တော့်နဲ့မေမေ့ကိုပြုံး၍သာကြည့်နေသည်။
မုန့်စားလို့ကပီးသွားတော့
"အားးဗိုက်ကိုတင်းသွားတာပဲစားလို့ကောင်းလိုက်တာ ကျေးဇူးပါမေမေ စားလို့များကြိးကောင်းခဲ့ပါတယ်ဗျ"
"အမယ်လေး မောင်မင်းကြီးသားစားကောင်းဖို့ပဲလိုတာဟုတ်ဘူးလာ ဖေကြီး"လို့အမေကရယ်၍မေးလေးဆက်ကာမေးတော့အဖေက ကျွန်တော့်ကိုကြည့်ကာ
"ဟုတ်ပဗျာ ကျုပ်သားတော်လေးစားကောင်းဖို့ကအဓိကပါပဲ"လို့ပြုံး၍ပြန်ပြောတဲ့ဖေဖေ ဟုတ်ပါတယ်ကျွန်တော့်တွက်တော့အရမ်းကိုနွေးထွေးလွန်းတဲ့ မိသားစုလေးပါပဲအပူပင်ကင်းစွာနေထိုင်ခဲ့ရတဲ့အိမ်လေးပေါ့ဗျာ။
ကျောင်းသွားဖို့အိမ်ရှေ့ဘက်ထွက်လာကာ ဖေ့ဖေ့ကားထဲဝင်စောင့်နေလိုက်သည့် ခဏအကြာမှာဖေဖေနဲ့မေမေထွက်လာကာပြောတော့ပြောနေကြသည် ဘာပြောနေကြလည်းတော့ မသိ ထိုအချိန်ပဲ ဖေဖေကမေ့မေ့ကိုအနမ်းလေးတပွင့်ပါးပြင်ပေါ်သို့ခြွေချလိုက်သည် အိုဟိုရှက်လိုက်တာ ကိုယ့်သားလူပျိုလေးရှေ့အဲ့လိုလုပ်စရာလား တွေးနေတုန်းဖေဖေကားပေါ်ရောက်ကာကားစမောင်းတော့ မေမေကိုတာ့တာပြကာကျောင်းတော်ကြီးဆီသို့ဦးတည်လာခဲ့သည် ဒီအချိန်ကျွန်တော့်ရဲ့စိတ်တေကအရမ်းကိုလန်းဆန်းနေလေပီ လွမ်းနေရတဲ့ကျောင်းတော်ကြီး လွမ်းနေရတဲ့သူငယ်ချင်းတေနဲ့ပြန်စုံနိုင်မဲ့နေ့လေးလေ ကျွန်တော်အရမ်းပျော်နေတာတော့ ကျွန်တော်ကိုယ်တိုင်သာအသိဆုံးပေါ့ဗျာ။

                      ×  ×  ×  ×  ×  ×

#သာသာဂျွန်
#26.2.2024

ရင်ခုန်သံအစကျောင်းတော်က🏫Where stories live. Discover now