"ဟိုင်းအမ"
"ဟုတ်ကဲ့မောင်လေးအမ ဘာကူညီပေးရမလဲ ပြောပါရှင်"
!ဟယ် ချစ်စရာလေး !"အလုပ်လျှောက်ချင်လို့ပါ"
"ဟုတ်ကဲ့မောင်လေး နာမည်က"
"ဇင်မင်းခန့်ပါ"
"အော် ဒီလိုမောင်လေး CEOက မောင်လေးဇင်မင်းခန့်အလုပ်လာလျှောက်ရင် ရုံးခန်းကိုလာခဲ့ပါလို့ပြောထားလို့ပါမောင်လေး"
"ဟုတ်ကဲ့အမ CEOရုံးခန်းက "
"အမကိုယ်တိုင်လိုက်ပြပါမယ်"
!မဆိုးဘူးဘဲ တော်လိုက်တာ!
(!= စိတ်ထဲကနေပြောတာပါ)
ဒေါက် ဒေါက်
"ဝင်ခဲ့"
"ဟုတ်ကဲ့"
"မောင်လေး အထဲဝင်သွားလေ"
"ဟူတ်ကဲ့အမ"
ဇင်မင်းခန့်အထဲဝင်သွားတော့သူကမကြည့်လာခဲ့ အလုပ်ကို computerမှသာ အာရုံရောက်နေဆဲ
"ဟို အကိုအဲ CEO"
"အော် လာလေညီ ကိုယ့်ကမျှော်နေတာ
အလုပ်လာလျှောက်တာလား""အော် ဟုတ်ကဲ့CEO ကျတော်က"
"ကိုယ့်အတွင်းရေးမှူးက အလုပ်ထွက်သွားလို့ အတွင်းရေးမှူးနေရာလုပ်လိုက်လေညီ"
"ဟုတ်ကဲ့CEO"
"CEO လို့မခေါ်ပါနဲ့ အကိုလို့သာခေါ်ပါ
ညီအတွက် အထူးspecial မို့""လူအရှေ့မှာဆို CEOလို့ခေါ်မယ်လေ"
"ညီသဘောပါ"
"ဒါဆိုဘယ်နေ့အလုပ်စဆင်းရမလဲအကို"
"မနက်ဖြန်စဆင်းလေ ကိုယ့်လာခေါ်မယ်"
"ဘယ်နှနာရီလဲအကို"
"၈နာရီ"
"ဒါဆိုသွားလိုက်အုံးမယ်အကို"
"ဟုတ်ကဲ့ပါဗျာ"
!မင်းလေးကိုအနားခေါ်ထားပြီ အပိုင်သိမ်းဖို့ဘဲကျန်တော့တယ် ဟွင်း ဟွင်း!
အမနှစ်ယောက်က
"ဟိတ် CEO ထူးဆန်းတယ်နော် "
"ဘာထူးဆန်းလို့လဲ အရင်ကရေခဲမျက်နှာ အခုလည်းရေခဲမျက်နှာ"
"နင်ကလည်း ခါတိုင်းဆို အလုပ်လာလျှောက်သူတွေကို သူကိုယ့်တိုင်မတွေ့ဘဲ စစ်ဆေးရေးဌာနမှာဘဲ လျှောက်ခိုင်းတာလေ "
"အင်းလေ"
"အခုက သူကိုယ့်တိုင် အခုလာတဲ့လူကိုတွေ့တာ ကောင်လေးကလည်း ချစ်စရာလေးဟယ်"
"အေးနော် ငါလည်းတွေ့မိတယ်ကောင်လေးနာမည်က"
"ဇင်မင်းခန့်တဲ့ "
"အော်အေ သွားမယ်လေ "
"အချောင်ခိုနေတယ်ဆိုပြီး မန်နေဂျာလာပြောနေမယ်"
"မန်နေဂျာကလည်းအပေါက်အရမ်းဆိုးတာ"
"ငါအကြောင်းဘယ်သူပြောနေတာလဲ နင့်တို့လား"
"မဟုတ်ပါဘူး မန်နေဂျာရယ် ကျမတို့သွားလိုက်ပါအုံးမယ်"
"အင်း "
!ကံဆိုးလိုက်တာ ထိပ်တိုက်တွေ့တာ "
!ဘုရား ဘုရား အရုပ်ကိုက မျောက်မဖင်နီနှုတ်ခမ်းနဲ့ မိတ်ကပ်ကလည်း သေပြီးသားလူကိုလိမ်းရတာအောင်မေ့တယ် တစ်ဘုန်းကြီး !
သူတို့နှစ်ယောက်စိတ်ထဲက စကားကိုမန်နေဂျာမက မကြားခဲ့
မန်နေဂျာမစိတ်ထဲတွင်
!ကောင်မတွေအကုန်လုံးက ငါသာCEOနဲ့ရရင် အကုန်ဖြုတ်ပြစ်မယ် ငါလိုချောမောလှပတဲ့ သူကို ဘယ်ယောက်ကျာ်းမှ မခံနိုင်ဘူး သူသာရရင် ပိုက်ဆံတွေအကုန်လုံကို ငါပိုင်မှာ ဟား ဟား!