အခန်း(၆)
အခွင့်အရေး၊ ဖုံးကွယ်ထားသော ကောင်းချီး။
Long Feiye ၏ ကျောပြင်တွင် ကြာပွတ် အမှတ်အသားများကို တွေ့လိုက်ရလျှင် Han Yunxi မှာ အနည်းငယ် ထိတ်လန့်သွားပြီး ရင်းနှီးသော ခံစားချက်များ ပြန်လည် ထွက်ပေါ်လာသည်။ သူမ၏ နှလုံးသားထဲတွင် နာကျင်ကိုက်ခဲသော ခံစားချက်တစ်ခုပင် တိုးထွက်လာနေသည်။
ဘယ်လိုဖြစ်ပြီးတော့လဲ။
ဆရာဝန်တစ်ယောက်အနေဖြင့် မည်သို့သော ဒဏ်ရာ၊ ဖျားနာမှု သို့မဟုတ် သေဆုံးမှုတွေကြုံလာတိုင်း “ကျောက်တုံးနှလုံးသား” ကို ထိန်းသိမ်းထားရမည်။ မဟုတ်လျှင် အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းရာတွင် တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိသော စိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
Han Yunxi မှာ မည်မျှ ထိတ်လန့်တုန်လှုပ်စရာကောင်းသော ဒဏ်ရာကိုမဆို မြင်တွေ့ခဲ့ရဖူးပြီပင်။
ဤအခိုက်အတန့်တွင်မူ သူမ၏ စိတ်အခြေအနေမှာ အလွန် တုန်လှုပ်နေခဲ့သည်။ သူမ သူ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်နေမိသည်။Han Yunxi မှာ လျင်မြန်စွာ သတိဝင်လာခဲ့သည်။ သူမ ၎င်းကို စဉ်းစားရန် အချိန်မရှိသဖြင့် ကိုယ့်ကိုကိုယ် အလျင်အမြန် သတိပေးကာ အဆိပ်ထုတ်ရန်အတွက် အပ်စိုက်ကုထုံးကို စတင်အသုံးပြုလိုက်သည်...
နာရီဝက်မပြည့်မီတွင် Han Yunxi မှာ Long Feiye ၏ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားခဲ့ပြီး ဒဏ်ရာများကို ကုသပေးလိုက်သည်။
Gu Beiyue မှာဘေးမှ ကြည့်နေကာ Han Yunxi ၏ အပ်စိုက်ကုသ ကျွမ်းကျင်မှုကို အလွန်သိချင်နေတော့သည်။"ဒေါက်တာ ဟန်၊ ဒီအပ်စိုက်ကုထုံးကို ဘယ်မှာသင်ခဲ့တာလဲ။"
Gu Beiyue ပင် နားမလည်နိုင်သည့် အပ်စိုက်ကုထုံးများကို တရုတ်တိုင်းရင်းဆေးပညာကျောင်းများတွင် သင်ကြားပေးခြင်း မရှိသည်မှာ သဘာဝပင်။
Han Yunxi မှာ သူ့ကို ပြန်မဖြေပဲ အေးစက်စက်လိုက်သည်။ "နောင်မှာ၊ ခွဲစိတ်ခန်းကို ဒီလိုအသေးအဖွဲကိစ္စလေးတွေနဲ့ ပို့စရာ မလိုဘူး။ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေကို မဖြုန်းတီးရအောင်နဲ့ လူတိုင်းရဲ့ အချိန်ကို နှောင့်နှေးရအောင် ပြင်ပလူနာ ဆေးခန်းကို သွားလိုက်။ "

YOU ARE READING
မြင်မြင်ချင်း အချစ်
Romansaဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။