"သားလေး ရှိုင်းက စက်ရုံမှာ"
"ဟုတ် မေကြီး
ဒီမှာ မာမား ဟင်းထည့်ပေးလိုက်လို့ လာပေးတာ""အေ အေ ကျေးဇူးပါကွယ်"
"သားလည်း နေ့တိုင်းသွားလိုက်ပြန်လိုက်နဲ့ မပင်ပန်းဘူးလား...""ဟဲ ဟဲ ပင်ပန်းတယ်လို့တွေးဖို့တောင် အချိန်မရှိပါဘူး မေကြီးရယ်
မေကြီးသားကလေ အခုချိန်ထိ သားကို စိတ်ဆိုးမပြေသေးဘူး""ဒါဆို အခုတလော မေကြီးတို့ဆီ ချောင်းပေါက်မတတ်လာနေတာက သားရှိုင်းကို ချော့ဖို့ပေါ့လေ"
"ဟုတ်တယ် မေကြီး
ကျွန်တော် စက်ရုံလိုက်သွားလိုက်အုန်းမယ်နော်""သား သူရိန်, ရှိုင်းစိတ်ဆိုးပြေတာ လိုချင်လား"
"မေကြီးဆီမှာ နည်းလမ်းရှိတယ်""တကယ်လား မေကြီး"
"ဒေါ်ထိပ်ထား ဘာလို့ ကလေးတွေကိစ္စ ဝင်ပါနေရတာလဲ"
"နည်းနည်းပေါ့ရှင့်
ရှင့်သားအကြောင်း ရှင်လည်းသိတာပဲ
အဲ့ကလေးက စိတ်မဆိုးရင်တောင် သူ့စိတ်ပြေဖို့က လွယ်တာမဟုတ်ဘူး""ဘာမှ စိတ်မပူနဲ့ သား မေကြီးပြောတဲ့အတိုင်းသာလုပ်"
"ဒီသားအမိတွေ တကယ်ကိုမနိုင်ဘူး"
"အလုပ်သွားမှာ မလား
မြန်မြန်သွားတော့လေ ဟိုမှာကျွန်မ သားတစ်ယောက်တည်း အလုပ်တွေလုပ်နေရမှာ""ကြွပါပြီဗျာ ငါ့ဆို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ မထင်ကြတဲ့သားအမိတွေ"
***
ရှိုင်း စက်ရုံထဲမှာ အလုပ်တွေကို အာရုံစိုက်ပြီးလုပ်နေသော်လည်း စိတ်က အလုပ်မှာမရှိ
သူရိန့်ဆီမှာသာ.....
ရှိုင်း စိတ်ဆိုးမပြေသေးတာကို လာမချော့ဘဲ ဘာလုပ်နေလဲ မသိဘူး
ဖုန်းလည်းမခေါ် စာလည်းမပို့ လူလည်းမလာ
ရှိူင်း မနက်ကတည်းကနေ သူရိန့်ကို မျှော်နေတာ အလုပ်သိမ်းချိန်တောင် ရောက်ပြီလည်တဆန့်ဆန့်ဖြစ်နေသော သားဖြစ်သူ အဖြစ်ကိုကြည့်ကာ ဦးမြင့်ဇော် ကကြားထဲကနေ စိတ်မသက်မသာဖြစ်ရသည်
ဒီခေတ် ကလေးတွေ တယ်ခက်ပါလားနော်"ရှိုင်းထက် အိမ်ကပြန်အုန်းမှာလား "
"ဗျာ ဟုတ်
ပြန်မှာ ဖေကြီး"
YOU ARE READING
အချစ်စတင်ရာ ကောလိပ် (စဆုံး)
Romanceကောလိပ်မြေမှာ ဖူးစာဆုံမယ့်ဇာတ်လမ်းလေးပါ ကျောင်းဆရာအလုပ် လုပ်မယ့်lgbtသူတို့နှစ်ဦးအတွက် ရင်ဆိုင်ရမယ့် ပြသနာတွေ အခက်အခဲတွေဆိုတာ သေချာပေါက်ရှိလာမှာပါ အဲ့ဒါတွေကို သူတို့ဘယ်လိုရင်ဆိုင်မှာလဲ အလျှော့ပေးမှာလား ရင်ဆိုင်မှာလား သူတို့ရဲ့ ဆက်ဆံရေးကကော အဆင်ပြေချေ...