part_1

10 0 0
                                    

Uni

"ဟင် ‌ေမမေ!"

" သား!! ဒါ ဒါဘာတွေလည်း"

"...."

"ဟမ်! ဒါဘာတွေလည်းလို့ မေမေမေးနေတယ်လေ မိုးသက်နောင်!!"

" အင့် သား...သားတောင်းပန်ပါတယ် အင့် မေ မေမေ ဟင့်"

"သားရယ်....ငါမှားတာ ငါမှားတာ ငါ့သားဒီလိုစိတ်တွေရှိနေမှန်း မသိခဲ့မိတာငါမှားတာပါ"

ပြောရင်းအမေငိုသည်။ ကျတော်မမှားဘူးမလားအကို ဟင့်အင်းကျတော်လုံးဝမမှားဘူး ကျတော်လည်းဒီလိုဖြစ်ချင်ခဲ့တာမှမဟုတ်တာ....။ဒါဆို မေမေကရော? မေမေလည်းမမှားပါဘူး တကယ်တော့ ကျ‌ေတာ့်ရဲ့ အရာရာကို ကံကြမ္မာကသတ်မှတ်ပြီးသားနဲ့တူတယ်။

"မေမေ့ကိုပြောသား ဘယ်ကတည်းလဲ ဘယ်အချိန်တည်းက သားဒီစိတ်မျိုးရှိနေခဲ့တာလဲသား မေမေ့သားက ငယ်သေးတယ်မလား သား..သားစိတ်ကစားတာလဲ ဖြစ်နိုင်တယ်လေ သားရဲ့ အင့် မေမေ မေမေပြောတာဟုတ်တယ်မလားဟင် ဟုတ်တယ်မလားလို့!"

"မဟုတ်ဘူးမေမေ သားအကို့ကို တကယ်ချစ်တာပါ ဟိုအရင်စတွေ့ကတည်းက သားအကို့ကိုစပြီး နှောင်တွယ်ခဲ့မိတာ မေမေ စိတ်ကစားတယ်လို့ ပြောရအောင် သားအခုအရွယ်ထိ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်ထဲတောင်မထည့်ဖူးပါဘူး ဒါကိုလည်းမေမေအသိဆုံးပါ မေမေ သားကိုနားလည်ပေးပါလား မေမေရာ"

"ဒါပေမယ့် ပတ်ဝန်းကျင်က မေမေ့သားကိုမေးငေါ့ကြလိမ့်မယ်သား မေမေ့သားက gay နေတယ် ခြောက်နေတယ်လို့ပြောမှာ မေမေမခံနိုင်ဘူးသား"

"ပတ်ဝန်းကျင်ပဲ မေမေရာ အချိန်တန် ညောင်းရင်ရပ်သွားကြလိမ့်မယ်မေမေရဲ့ ဟင့် နောက်ပြီးသားက ခြောက်နေတာလဲမဟုတ်သလို သားက gay နေတာလည်းမဟုတ်ဘူး အင့်ဟင့်! သားက သားကအကို့ကို သဘောကျမိနေရုံလေးပါ"

"......"

"သားချစ်တဲ့သူက အကိုဆိုတဲ့အမျိုးသား ဖြစ်နေရုံလေးပါ မေမေရယ် နော် မေမေက သားကိုနားအလည်ဆုံး ပါမေမေ ဒီတစ်ခါတော့ သား ဘက်မှာပဲရှိနေပေးပါနော်မေမေနော် ဟင့်"

"သားရယ်....."

ဒေါ်ခင်ထားသက် မျက်ရည်များကိုထိန်းကာ သားငယ်အားရင်ခွင်ထဲဖက်ထားကာ နှစ်သိမ့်ပေးမိသည်....။ ဒီလိုအချိန်မှာမှ မိမိကပါ သားဘက်မှာမရှိ ရင်ဘယ်သူကများရှိနိုင်မှာလည်း.....အနည်းဆုံးတော့ တခြားသူတွေဘာပြောပြော အမေတစ်ယောက်လုံး ရှိနေမှ သားလည်း ဝမ်းမနည်းမှာမလို့ သူမ သားရဲ့အရာရာကို လက်ခံဖို့ စိတ်ကိုဖြေလျှော့လိုက်တာက အကောင်းဆုံးပင်...။

You've reached the end of published parts.

⏰ Last updated: Apr 23 ⏰

Add this story to your Library to get notified about new parts!

မြတ်နိုးခြင်းဖြင့် ချည်နှောင်မည်Where stories live. Discover now