အပိုင်း ၁

1K 74 6
                                    

"အမျိုးသမီးတစ်ယောက်ရဲ့ပုံတူ"

သဘောကျမိလို့ပုံတူဆွဲမိပါတယ်
နောက်ဆက်တွဲအပြစ်တွေကကြီးမားလိုက်တာ

: အန်တီ

: ရှင့်

: ပန်းပေးချင်လို့ပါ

: အို့ ယူရမှာပေါ့ကွယ်
thank u နော်သမီး

အပြုံးနုနုကြည်ကြည်လေးတွေနဲ့
ဖြူနုနုသူ့အသားအရည်လေးတွေ နဲ့
လက်ကိုင်အိတ်ကိုလက်တွင်ချိတ်လျှက်
လျှောက်လာပုံဟာဖြင့်မြင်သူတကာငေးမောရလောက်အောင်ဆွဲဆောင်မှုရှိလေသည်

ကော်ဖီဆိုင်အတွင်းကဒေါ်ဟန်နီခင်ဆီသို့
ပန်းတစ်ပွင့်ရောက်ရှိလာသည်
ထိုပန်းကိုလျှို့ဝှက်စွာလူမသိသူမသိပေးခဲ့သူဟာ
မည်သူနည်း?

ခပ်မှန်မှန်လျှောက်လှမ်းလာသည့်
ထိုအမျိုးသမီးရဲ့ခြေဖဝါးနုနု
တဘီစတို့လှုပ်ရှားသွားလိုက်တိုင်း
လှစ်ခနဲပေါ်ထွက်လာသည့်ခြေသလုံးဖွေးဥဥ

ပန်းချီဆွဲနေသည့်ကောင်မလေးရှေ့တွင်ရပ်လိုက်ကာ
စာအုပ်ကိုဆွဲကာလုလိုက်သည့်ထိုအမျိုးသမီး

: ဟာ ဘယ်လိုလုပ်လိုက်တာလဲ ကွာ

မေဘယ်ရီ ပန်းချီဆွဲနေလျှင်နှောင့်ယှက်သည်ကို
အရမ်းမုန်းပါသည်အခုပိုဆိုးသူ့ပုံလေးဆွဲမိပါတယ်
ချက်ချင်းကိုရန်လာတွေ့တော့တာဘဲ
အဆိုးဆုံးကစာအုပ်ကိုဆွဲယူလိုက်တော့
ပုံကိုခြစ်မိသွားသည်လေ

: မင်း တို့ပုံတွေခိုးဆွဲနေတယ်ပေါ့ဟုတ်လား

သူဆွဲထာသည့်ခင့်ရဲ့ပုံတူပန်းချီကိုကြည့်မိတော့
အသက်ဝင်လိုက်တာလွန်ပါရော်လား

: လှတဲ့သူမို့လို့ပန်းချီအဖြစ်ဆွဲမိတာ
ပန်းချီဆွဲပေးတာမခံချင်ရင်
နောက်တစ်ခါလှအောင်မနေနဲ့လေ

ခင့်ကိုခပ်ဆက်ဆက်စိုက်ကြည့်ပြီး
ခင့်လက်ထဲက drawing bookကို
ဆွဲယူကာ ထွက်သွားသည့်သူမ

ထိုကောင်မလေးကို
သေချာမမှတ်မိလိုက်ပင်မဲ့သူမအသံနှင့်
မျက်ဝန်းကြည်လဲ့လဲ့လေးတွေကိုတော့
မှတ်မိလိုက်ပါရဲ့

:ဟင်း စိတ်ဝင်စားစရာဘဲ

ထိုကောင်မလေးရဲ့အပြုအမူကြောင့်
ခင့်မှာခပ်မဲ့မဲ့လေးတစ်ချက်ပြုံးမိလေသည်

You've reached the end of published parts.

⏰ Last updated: Apr 24 ⏰

Add this story to your Library to get notified about new parts!

"'ပန်းချီသွေး'"Where stories live. Discover now