မောင့်အတွက်ဖြစ်တည်သော part-1

131 2 0
                                    


" ကျွန်တော်ကို ကွာရှင်းပေးပါဒေါ်ဟန်နေလွမ်း.. "

လွမ်း ထိုစကားကိုမျှော်လင့်ထားပြီသားပါ၊
သို့သော် လွမ်းသိပ်မြတ်နိုးရလေသော
မောင့်၏ နှုတ်ခမ်းပါးများက အမှန်တကယ်ထုတ်ပြောလာသောအခါ နာကျင်မှုက နှလုံးသားဆီသို့သာ တစိုက်မတ်မတ်။

သည်စကားမောင်‌ေပြာလာလိမ့်မည်ကို
သိသဖြင့် နားထောင်ဖို့ရန် အကြိမ်ကြိမ်ပြင်ဆင်ထားခဲ့သော်လည်း ရင်ထဲတွင်မူအလဲလဲအပြိုပြို။

* ရက်စက်လိုက်လေရော့လားမောင်ရယ်... *

လွမ်း စားလက်စပန်းကန်‌ေပါ်သိို့ ဇွန်းခရင်းကို ချထားလိုက်ပြီး ပန်းကန်ကို ရှေ့တိုးလိုက်သည်။ တစ်ရှူးဖြင့် အနီရောင်နှုတ်ခမ်းနီလွှမ်းမိုး‌သော သူမ၏ နှုတ်ခမ်းထောင့်စွန်းများအား အသာအယာသုတ်လိုက်သည်။

လွမ်း ဝိုင်ခွက်ထဲမှ ဝိုင်ကို တစ်ငုံသောက်ပြီး ပြန်ချထားလိုက်သည်။ မောင်က သူလုပ်သမျှကို စိုက်ကြည့်နေကာ သူ့ထံမှကြားလိုသော အဖြေကိုမျှော်နေသည်။

လွမ်း အသံကို အတတ်နိုင်ဆုံးထိန်းကာ မေးလိုက်သည်။

" ဘာအဆင်မပြေလို့လဲမောင် "

" ကျွန်တော် ခင်ဗျားရဲ့လောင်းရိပ်အောက်ကနေ ထွက်သွားချင်တယ် "

" ဒီအကြောင်းပြချက်ကြောင့်ဆိုရင်တော့
ကွာရှင်းဖို့ မလိုပါဘူး... "

" ဘာ!!! "

မတ်တပ်ရပ်လိုက်ပြီး စားပွဲကို ခပ်ပြင်းပြင်းတစ်ချက်ထုရင်း လွမ်းကို မုန်းတီးစွာ စိုက်ကြည့်နေသည့်မောင်။ လွမ်း တည်ငြိမ်သလို ဟန်ဆောင်ရင်း ခပ်မဲ့မဲ့တစ်ချက်ပြုံးကာ မေးလိုက်သည်။

" ပါးလ် ဆိုတဲ့မိန်းမရဲ့ ပယောဂလည်းပါတယ်မဟုတ်လားမောင်... "

" ... "

မောင့်ရဲ့ ငြိမ်သက်ခြင်းတွေက အမှန်တရားတွေကိုဝန်ခံနေသည်မဟုတ်လား။ ပါးလ်နှင့်သူ့အ‌ေကြာင်း လွမ်းသိနေ၍ စိတ်လှုပ်ရှားကာ ကစဉ့်ကလျားဖြစ်နေသည့် မောင့်မျက်ဝန်းများက သက်သေပင်။

အဟွန်း...

လွမ်းခပ်ရွဲ့ရွဲ့ရယ်ကာ ပြောလိုက်သည်။

မောင့်အတွက်ဖြစ်တည်သောWhere stories live. Discover now