Ti....Ti...Ti...
အိပ်နေတုန်း ညသန်းခေါင်ကြီးဖုန်းလာတာကြောင့် ဦးသူရိန်ထကြည့်လိုက်တယ်။
ဖုန်းကသုတရဲ့ ဖုန်းပဲ။ တစ်နေကုန်ကလေးထိန်းရတာကြောင့် ပင်ပန်းပြီး အိပ်နေတဲ့ ကလေးကြောင့် သူပဲ ဖုန်းကိုင်လိုက်တယ်။[Hello.....]
[Hello...သုတ....သား... ]
[ ကျွန်တော် သူရိန်ပါ...သုတက အိပ်ပျော်နေလို့.... ]
[ အဟင့်...ကိုသူရိန်လား...ကျွန်မ မနုနုပါ.....]
ငိုကြီးချက်မနဲ့ ပြောနေတဲ့ မနုနုကြောင့် ဦးသူရိန်စိတ်ပူသွားတယ်....
[ ဟုတ်ကဲ့ မနုနုပြောပါခင်မျ...အဆင်ပြေရဲ့လား.... ]
[ကိုသန်းတင်...အဟင့်....ကိုသန်းတင်ဆုံးပြီ.....အီးဟီး..... ]
"ဦး.....ဘယ်သူလဲ..."
သုတအိပ်နေရင်း စကားပြောသံကြားတာကြောင့် ထကြည့်လိုက်တော့ ဦးဖုန်းပြောနေတာပဲ။
"သုတ....."
"ဘာဖြစ်လို့လဲ ဦး...."
ဦးသူရိန် သုတကို ဘယ်လိုပြောရမှန်းမသိလို့
ဖုန်းကိုသာ ကမ်းပေးလိုက်တယ်။"သုတ...စိတ်အေးအေးထားနော်..."
"ဘာဖြစ်လို့လဲ...လန့်တောင်လန့်လာပြီ..."
ဦးပုံစံက ထူးခြားနေတာကြောင့် သုတလန့်နေပြီ။ ဦးဆီက ဖုန်းကို ယူပြီး နံပါတ်ကြည့်လိုက်တော့ အမေဆက်တာပဲ။ သုတ ပိုပြီး လန့်လာတယ်။
[ Hello....အမေ.... ]
[ သား.....မင်းအဖေ ဆုံးပြီ...အမေ့တို့ကို ထားခဲ့ပြီ.... ]
သုတ ဘာပြောရမှန်းတောင်မသိတော့ဘူး။
သုတ သူ့လက်ထဲကဖုန်းကို ဦးကိုပေးလိုက်တယ်။ သူ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ မသိတော့ဘူး။သုတ ကမ်းပေးလာတဲ့ ဖုန်းကို ဦးသူရိန်ယူလိုက်ပြီး အကျိုးအကြောင်းမေးကာ ခုလာခဲ့မယ့်အကြောင်း ပြောလိုက်တယ်။ ပြီးတာနဲ့ သုတကို ဖက်ထားပြီး နှစ်သိမ့်လိုက်တယ်။
"မဟုတ်ဘူး...မဖြစ်နိုင်ပါဘူး...ဦး....မဟုတ်ဘူးမလားဟင် အဖေက အမေ့ထက်တောင် ကျန်းမာရေးကောင်းသေးတယ်...မဟုတ်ဘူးမလား......"