Ep 14. U/Z

52 3 0
                                    

ဇေယျာနိုးလာတဲ့အချိန်မှာ သူမြင်လိုက်ရတာက သူ့လက်တွေနဲ့ ခြေထောက်တွေကို ကြိုးနဲ့ကုတင်တစ်လုံးပေါ်မှာတုပ်ထားတာကိုတွေ့လိုက်ရတယ်။

သူမနိုးလာခင် စကားသံ တိုးတိုးလေးတွေကိုလည်းကြားလိုက်ရသေးသည်။

"ငါ့အလုပ်ပြီးပြီ မင်းတို့အလုပ်ဆက်လုပ်လိုက်တော့"

အဲ့လိုပြောတဲ့သူကတော့ Zetsu ပဲဖြစ်ပါတယ်။

Skyler က ဇေယျာနိုးလာတာကိုတွေ့ပြီး

"သနားစရာကောင်လေးပါလား အိမ်မှာလဲတစ်ယောက်ထဲ အခုငါတို့ နင့်ကိုဖမ်းထားတော့လဲ ကူကယ်မယ့်သူမရှိ ငါတော့ တော်တော်သနားသွားပြီ ကောင်ချောလေး"

"ထွီး ခင်များရဲ့ ရွံစရာလက်ကြီးနဲ့ ကျွန်တော့်ကို လာမကိုင်စမ်းနဲ့ ပြီးတော့ ကျွန်တော့်ကို ဘာလုပ်မလို့လဲ အခုချက်ချင်းလွှတ်ပေး"

"ဪ မင်းအော်နေလဲဘာမှမထူးဘူးနော် ဒီအခန်းကအလုံပိတ် ငါတို့လုပ်စရာပြီးတာနဲ့ နင့်ကို ပြန်လွှတ်ပေးမှာပါ"

"ငါတို့? ဒီထဲမှာ ခင်များရယ် ကျွန်တော်ရယ်အပြင် ဘယ်သူရှိသေးလို့လဲ"

"ငါလေ"

အဲ့စကားကိုပြောပြီး တံခါးပေါက်ကိုဖွင့်ကာ ဝင်လာသူကတော့

"ရွှေရည် မင်းဘယ်လိုလုပ်လိုက်တာလဲ"

"ကျွန်မက ကျွန်မလုပ်သင့်တာကို လုပ်လိုက်တာပဲလေ"

"မင်းကွာ ဒါလားမင်းလုပ်သင့်တာက"

"ဟုတ်တယ်လေ ကျွန်မ ရှင့်ကိုရဖို့ဆို ဘာမဆိုလုပ်မှာပဲ ကျွန်မ မပြောခဲ့ဘူးလား နောက်တစ်ကြိမ်အခွင့်အရေးပေးဖို့လေ ရှင်ကမပေးတော့ ကျွန်မ ဖာသာယူရတော့မှာပေါ့"

"မင်းရူးနေလားရွှေရည် ဒီလိုလုပ်ရင် မင်းငါ့အချစ်ကိုရမယ်ထင်နေတာလား အခုချက်ချင်းလွှတ်ပေးစမ်း"

"ရွှေရည် ဆက်လိုက်တော့နောိ ကျွန်မပြန်တော့မယ်"

Skyler ကအဲ့လိုပြောပြီး လှည့်ထွက်သွားပါတယ်

"ဒါနဲ့ ကျွန်မတို့ပြောနေတာက..... ဪ အချစ် ရှင့်အချစ်ကို ရရမရရ ကျွန်မစိတ်မဝင်စားဘူး ကျွန်မက ရှင့်ကို ပိုင်ဆိုင်ရရင် ကျေနပ်ပြီ"

နေဝင်ချိန်ဆည်းဆာ⛅Where stories live. Discover now