ဦးဘစိုင်း သည် ငွေ10သိန်းကို
တစ်ပြားမှ မကျန်တော့ တဲ့ထိ ကို
ဖဲ ရူံးလာသည်။
ငွေမျောငွေနဲ့လိုက် စို့သလို့
ဦးဘစိုင်းသည် ဦးသူရမောင် အိမ်ကို ထပ်သွား၍
ငွေကို ချေးပြန်သည်။"ဟျောင့် ငါဖဲရူံးလာတယ်ကွာ
ငါကို ပိုက်ဆံနည်းနည်းထပ်ချေးဦး ""ဘစိုင်း ငါနောက်ထပ် မင်းကို ပိုက်ဆံ
မချေးနိုင်ဘူးကွာ ဒီလောင်းကစား လုပ်နေရင်
မင်း ဆင်းရဲပီးအကြွေးတင်တာပဲ ရှိမယ်
လောင်းကစားကို ဖျက်လိုက်ပါတော့ကွာ""ဟျောင့် ငွေမျောငွေနဲ့လိုက်တဲ့
ငါကို ပိုက်ဆံ 10သိန်းထပ်ချေးကွာ
ငါမင်းအကြွေး ဆက်ဆက် ပြန်ဆပ်မယ်""မင်းက ဘယ်က ရလို့ ပြန်ဆက်မှာလဲ
မင်း လောင်းကစား လုပ်နေသရွေတော့
တိုးတက်လာမှာမဟုတ်ဘူး"" ဟား.. မင်းမချေးလဲနေကွာ
တစ်ခြားနေရာမှာ သွားချေးမယ်""ဟျောင့် ငါကမချေးပေးချင်လို့ပြောတာ
မဟုတ်ဘူး မင်းအိမ်အတွက် စို့
အချိန်မရွှေးချေးလို့ရတယ်
လောင်းကစား လုပ်ဖို့စို့ရင်တော့
ငါမချေးဘူး"ဦးဘစိုင်းသည် ဒေါသထွက်ကာ တောက် ဟု
အသံထွက်ကာ အိမ်ထဲမှ ထွက်သွားသည်။
ဦးသူရမောင် ကတော့ ဦးဘစိုင်း ကို ကြည့်၍
ခေါင်းတစ်ခါခါ။"ဘစိုင်း ဘစိုင်း
လောင်းကစား လုပ်နေသရွှေး တိုးတက်ဦးမယ်"ဦးသူရမောင်သည် အသံတိုတိုဖြင့်စို့လေသည်။
........................!
ဦးဘစိုင်းအိမ်ကို ရောက်တာနဲ့
မယားဖြစ်သူ ဒေါ်ခိုင်ခိုင်စိုး ငိုနေပြန်တာကို
တွေ့လိုက်၏
နေတိုင်းညတိုင်း ငိုနေတဲ့ ဒေါ်ခိုင်ခိုင်စိုး ကို
ဦးဘစိုင်းကတော့ လစ်လူး စုထားသည်။
ဒေါ်ခိုင်ခိုင်စိုး သည် ဦးဘစိုင်း
အိမ်ထဲဝင်လာတာကို တွေ့တာနဲ့
အသံကျယ်ကြီးဖြင့်" သားအပေါ်ရော မယားပေါ် ပါ
တာဝန်မကျေတဲ့ကောင် "ဦးဘစိုင်းသည် ဒေါ်ခိုင်ခိုင်စိုး ကို ကြည့်ကာ
စကားစို့ လေသည်။"နင်ပါးစပ် တိတ်တိတ်နေ
ငါဖဲရူံးလာတာနော်
နင်ရိုက်ခံမထိချင် ငြိမ်းငြိမ်းနေလိုက်"