*Welcome To Sweet Home Darling*ခပ်ကြီးကြီးစာရွက်အဖြူပေါ်မှာ ထိုစာလုံးတွေကိုပန်းရောင်မှင်ကိုသုံး၍ရေးချထား၏။အသဲပုံစတစ်ကာတွေကိုလည်း စာရွက်တစ်ခုလုံးနီးပါးကိုကပ်ထားတာဖြစ်သည်။ခပ်ဝေးဝေးကနေကြည့်ရင်တောင် ထိုစာရွက်ကိုလက်နှစ်ဖက်မြှောက်၍ကိုင်ထားတဲ့ကောင်မလေးက လူအများကြားမှာထင်းလို့ရယ်။
ဂုတ်ပေါ်မှာဝဲနေတဲ့ဆံနွယ်တွေက ရွှေအိုရောင်သမ်းနေကာ၊ဖြူဖွေးနေတဲ့အသားအရည်နဲ့မို့ပိုပီးလိုက်ဖက်နေ၏။မျက်နှာလေးက လှသည်မဆိုသာ။ချစ်ဖို့ကောင်းသည်လို့ဆိုရမည်။ခပ်ဖူးဖူးနှုတ်ခမ်းလေးကိုလည်း ပန်းဆီရောင်ခြယ်ထားသေးတာမို့ ထိုကောင်မလေးရဲ့ပုံစံလေးက လူအများငေးကြည့်ချင်စရာလေးတော့ဖြစ်နေသည်။
*ဒါလင်!!!နူးနူး....!...ဆောနူနူး!...ငါဒီမှာ..ဒီမှာ"
အသံလေးကစူးကနဲ။ဝတ်ထားတဲ့ဒူးအတိဂါဝန်လေးဝဲသွားအောင်ထိကို ယမ်းခါပီးပြေးသွားတဲ့ကောင်မလေးက လေဆိပ်ရဲ့ထွက်ပေါက်မှထွက်လာတဲ့ခရီးသည်တွေရှိရာဆီသို့ဦးတည်သွား၏။လက်ထဲမှာတော့ စာရွက်အဖြူကြီးကတရွတ်ဆွဲလျက်ဖြင့်..။
"ဆောနူနူး!!"
ဒီအသံ။တရေးနိုးကြားရရင်တောင်မှတ်မိနေနိုင်တဲ့အသံမို့ ဆောနူဆောင်းထားတဲ့ဦးထုပ်ကို မျက်နှာအုပ်အောင်အထိဆွဲချပစ်လိုက်သည်။
ဖြန်း!
လက်ဝါးပြတ်နဲ့ရိုက်ခံလိုက်ရတာမို့ ဆောနူ့မျက်နှာရှုံ့မဲ့ကျသွားကာ။
"အား!နာတယ်ဟ ယောဆူရ! ပြီးတော့ ဖြေးဖြေးသက်သာလာစမ်းပါဟာ။လူတွေအကုန်သတိထားမိကုန်မယ်"
"သတိထားမိတော့ဘာဖြစ်လဲ။ဘာလဲ..နင်ကငါ့ကိုတွေ့ရတာဝမ်းမသာဘူးလား...ဟမ်!။ငါ့မှာတော့နင့်ကိုလာကြိုဖို့အတွက် မနက်အစောကြီးလည်းထလာရတယ်။ပြီးတော့ ဒါတွေ..ဒါတွေပါပြင်ဆင်လာခဲ့ရတာ။ဆယ်နှစ်လောက်မတွေ့ရတော့တဲ့သူငယ်ချင်းကို ပြန်တွေ့ရတာလေ။ဒါတောင်နင်ကမပျော်ဘူးပေါ့..ဟုက်ပါတယ်...ငါကပဲနင့်ကိုငါ့ရဲ့မောင်အရင်းလေးလို၊ချစ်သူရည်းစားလေးလို-"