အခန်း(၁၁)
အမှားအယွင်း။
Han Yunxi နှင့် Ning Cheng တို့နှစ်ယောက်လုံး အလွန်အံ့သြသွားကြတော့သည်။
Gu Beiyue မှာ တစ်ချိန်လုံးပြုံးနေပြီး ဆက်ပြောရန် ပြင်လိုက်စဥ် Ning Cheng မှာ ဒေါသတကြီး ဖြတ်ပြောလိုက်လေသည်။ "သူမရဲ့ ပရော်ဖက်ရှင်နယ်စံနှုန်းတွေကို မကျေနပ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။"
Han Yunxi ၏ ပရော်ဖက်ရှင်နယ်စံနှုန်းများမှာ လင်းယွင် ဆေးရုံတစ်ခုလုံးတွင် အမြင့်ဆုံးဟု သတ်မှတ်ခံထားရသည်။ အကယ်၍ Long Feiye မှာ Han Yunxi ၏ ကျွမ်းကျင်မှုစံနှုန်းများကို မကျေနပ်လျှင် လင်းယွင်ဆေးရုံရှိ ဆရာဝန်အားလုံးကို အလုပ်ထုတ်ပစ်ရလိမ့်မည်။
သူက ယနေ့ Han Yunxi ၏ စာချုပ်ကို ဖျက်သိမ်းရန် အတိအကျ ဤနေရာသို့ ရောက်လာခဲ့ပြီး Long Feiye မှ စာချုပ် ဖျက်သိမ်းရန် အစပြုခဲ့ကာ လျော်ကြေးပေးရန် ကတိပြုခဲ့ခြင်းမှာ သူနှင့် Han Yunxi အတွက် သတင်းကောင်းပင်။
သို့သော်၊ Long Feiye မှာ ဤသို့ ပြုလုပ်လာခြင်းမှာ သံသယရှိစရာမလိုပဲ Han Yunxi ကို မေးခွန်းထုတ်သည့် သဘောထားဖြင့် ဖယ်ရှားလိုက်ခြင်း ဖြစ်နေသည်။
အကယ်၍ ဤကိစ္စမှ ပြန့်သွားခဲ့လျှင် Han Yunxi မှာ အနာဂတ်မှာ ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် ဘယ်လိုရှင်သန်ရမည်လဲ။
Gu Beiyue မှာ Ning Cheng ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ Ning Cheng နှင့် တစ်ကြိမ်မှ အဆက်အသွယ် မရှိခဲ့သည့်တိုင် စကားများအရ ဤဝတ်လုံတော်ရရှေ့နေမှာ အေးဆေးတည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးဖြင့် စကားများစွာ မပြောတတ်သည့်တိုင် စာကားအခွန်းတိုင်းက ထက်မြက်ပြီး အဓိပ္ပါယ်ကို ထိမိနိုင်သည်။ ကောလဟာလများမှာ မှားနေသလား။ Ning Cheng ၏ သဘောထားမှာ သူနှင့် စကားများတော့မည်ဟု ထင်ရသည်။ ဤသူနှင့် ဒေါက်တာဟန်ကြားတွင် မည်သို့သော ဆက်ဆံရေး ရှိနေသည်လဲ။
Gu Beiyue မှာ ချက်ချင်းပြန်မဖြေပဲ Han Yunxi ထံကြည့်လိုက်သည်။
Han Yunxi မှာ အပြစ်ရှိစိတ် ခံစားနေရလေသည်။
Long Feiye မှာ သူမ ကျူးလွန်ခဲ့သော ပြစ်မှုကြောင့် သူမတွင် ပရော်ဖက်ရှင်နယ်စံနှုန်းများ မရှိဟု ကောက်ချက်ချလိုက်သည်ဟု ယူဆလိုက်သည်။ သူမ မြစ်ဝါမြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်တောင် ဆေးရန်ပင် မဖြစ်နိုင်တော့ပေ။

YOU ARE READING
မြင်မြင်ချင်း အချစ်
Romanceဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။