အခန်း(၁၂)
၁၀၀ မီလီယံ တောင်းခြင်း။
Gu Beiyue မှာ အလေးအနက် ရှင်းပြလိုက်သည်။ " ဒေါက်တာဟန်က အလုပ်ချိန်အတွင်း ဒေါက်မြင့်ဖိနပ်စီးထားတာ ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ မစ္စတာလုံက ပြောပါတယ်။ သူမဟာ လုပ်ငန်းခွင်အတွင်း စိတ်ကြိုက် လုပ်ဆောင်မှု၊ ပုံရိပ်ကို အလွန်ဂရုစိုက်မှုတွေက အလုပ်အပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေပြီး လူနာတွေအပေါ် အလွန်အမင်းလေးစားမှုမရှိပဲ တာဝန်မဲ့တာပါ။”
ထိုစကားများ ထွက်လာသည်နှင့် Han Yunxi မှာ သူမ၏ ဒေါက်မြင့်ဖိနပ်များကို ရုတ်တရက် ငုံ့ကြည့်လိုက်သည်။ Ning Cheng မှာလည်း တစ်ပြိုင်နက်တည်း ကြည့်လိုက်ပြီးနောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ရှုပ်သွားပြန်သည်။
Gu Beiyue မှာ ဆက်ပြောလိုက်သည်။ "ဒေါက်တာဟန်က ဒေါက်မြင့်ဖိနပ်စီးရင် လမ်းလျှောက်ဖို့ အများကြီး အားထုတ်ရလိမ့်မယ်။ ကယ်ဆယ်ဖို့ အရေးပေါ် လိုနေတဲ့ လူနာနဲ့တွေ့ရင် ကုသမှုအချိန် နှောင့်နှေးလိမ့်မယ်။"
Ning Cheng မှာ Han Yunxi မှ ဒေါက်မြင့်ဖိနပ်များ သဘောကျကြောင်း သိထားသော်လည်း အလုပ်လုပ်နေစဥ်အတွင်းပင် စီးမည်ဟု မထင်ခဲ့ပေ။
သူက အနည်းငယ်ရှက်ရွံ့သွားသော်လည်း Han Yunxi အတွက် ငြင်းခုန်လိုက်ဆဲပင်။ "ဒါက ဒေါက်တာဟန်ရဲ့ ကိုယ်ရေးကိုယ်တာ အလေ့အထတစ်ခုပါပဲ။ ဒေါက်တာဟန်က လင်းယွင် ဆေးရုံမှာ အလုပ်လုပ်တာ နှစ်နှစ်ရှိပြီ။ ဆေးရုံက ဒီကိစ္စကို ဘာလို့ ဒီလောက်ကြာအောင် မပြောတာလဲ။ ဆေးရုံမှာလည်း ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိတယ်မဟုတ်လား။ ဒါ့အပြင် ဒေါက်တာဟန်က အခုထိ ဒေါက်မြင့်ဖိနပ်တွေကြောင့် ကယ်ဆယ်ရေးကို နှောင့်နှေးတာမျိုး မရှိသေးဘူး မဟုတ်လား။"
"ဒါပေမယ့် ဖြစ်နိုင်ခြေတော့ ရှိပါတယ်။" Gu Beiyue မှာ Ning
Cheng ကို ချက်ချင်းတုံ့ပြန်လိုက်သည်။Ning Cheng မှာ ခဏလောက် စကားမပြောနိုင်တော့သော်လည်း Han Yunxi မှာ ပြောလိုက်လေသည်။ "အိုကေ၊ အိုကေ၊ စာချုပ်ရပ်စဲရေးစာတစ်စောင် ယူလာခဲ့ ကျွန်မလက်မှတ်ထိုးလိုက်မယ်။"

YOU ARE READING
မြင်မြင်ချင်း အချစ်
Storie d'amoreဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။