အခန်း(၁၃)
ဤကဲ့သို့သော ထင်ကြေးမျိုး။
Long Feiye မှာ လူနာဆောင်ထဲတွင် ရှေ့နေလော့ နှင့် ဆွေးနွေးနေပြီး Gu Beiyue မှ ပေးပို့လာသော ရပ်စဲရေးစာကြောင့် သူတို့ အလွန်အံ့သြသွားကြတော့သည်။
“သူမကိုယ်တိုင် စာချုပ်ရပ်စဲရေးစာ ရေးခဲ့တာလား။" ရှေ့နေလော့ မှ စိတ်ရှုပ်ထွေးစွာ မေးသည်။
"မဟုတ်ပါဘူး။ သူမငှားထားတဲ့ ရှေ့နေက ရေးထားတာပါ။ အဲဒီရှေ့နေက ဆေးရုံကို ရောက်နေပါပြီ။ သူ့နာမည်က Ning Cheng ပါ။" Gu Beiyue မှာ အမှန်အတိုင်းပြောလိုက်သည်။
ဤအချိန်တွင် အချက်အလက်များကို ငုံ့ကြည့်နေသော Long Feiye မှာ နောက်ဆုံးတွင် မော့ကြည့်လာပြီး မေးလာသည်။ "Ning Cheng..”
“ဟုတ်ပါတယ်။ သူမနဲ့ Ning Cheng တို့က ပုဂ္ဂိုလ်ရေးအရ မိတ်ဆွေကောင်းတွေ ဖြစ်ပုံရပါတယ်။ လက်ရှိအခြေအနေအရ ဆုံးဖြတ်ရရင် ဒေါက်တာဟန်က စာချုပ်ကို ဖျက်သိမ်းချင်နေတာ ကြာပါပြီ။ သူမအနေနဲ့ Duanmu Yao ရဲ့ ကိစ္စကို အသုံးပြုပြီး စာချုပ်ကို ရပ်စဲချင်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မစ္စတာလုံက ခြေတစ်လှမ်းဦးသွားတယ်။”
Gu Beiyue မှာ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်သည်။ “ မစ္စတာလုံ၊ ဒေါက်တာဟန်က လင်းယွင်ရဲ့ဝှက်ဖဲနှင့် ဂုဏ်သတင်းပါ။ တကယ်လို့ စာချုပ် ရပ်စဲလိုက်ပြီး နောက်ပိုင်းတွင် သူမကို အခြားဆေးရုံတစ်ခုက ငှားရမ်းခဲ့ရင် လင်းယွင်ကို ထိခိုက်မှုစေပြီး အကျိုးမရှိနိုင်ပါဘူး။ သူမကို နှုတ်ပိတ်စေဖို့အတွက်ဆိုရင် စာချုပ်နဲ့ ဆေးရုံမှာထားတာက အလုံခြုံဆုံးဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ တွမ်မုမိသားစုရဲ့ လွှမ်းမိုးမှုကို လင်းယွင်ဆေးရုံကနေ ဖယ်ထုတ်လိုက်ရင် ဒေါက်တာဟန်က သက်တောင့်သက်သာရှိသွား လိမ့်မယ်။”
Gu Beiyue မှာ ဤအမှန်တရားကို လူတိုင်းမှ သိထားသောကြောင့် ဤသို့ အဓိပ္ပါယ်မဲ့စွာ မပြောချင်ပေ။ မစ္စတာလုံ ကဲ့သို့ ထက်မြက်သော သူတစ်ယောက်မှ နားမလည်ရန်မှာ မဖြစ်နိုင်ပေ။ မစ္စတာလုံမှ Han Yunxi ကို ထွက်သွားစေချင်သည့် အခြားအကြောင်းအရင်းမှာ ဘာဖြစ်မယ်မှန်းလည်း သူက မှန်းဆ၍ မရပေ။ Han Yunxi မှာ Ning Cheng ကို အရေးတကြီးရှာခဲ့သည့် အကြောင်းရင်းမှာလည်း ဘာဖြစ်မည်လဲ။

YOU ARE READING
မြင်မြင်ချင်း အချစ်
Romantizmဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။