အပိုင်း 3
သီလယူပြီးနောက် နွေရိပ်ငြိမ်တို့ သုံးယောက်ဘုန်းကြီးကျောင်းရဲ့ မြောက်ဘက်ရှိ ငှက်ပျောတောဆီကို လမ်းလျှောက်ကြလေသည်။
စိန်တလုံးပင်၊မချစ်စုပင်၊ရွှေဟင်္သာပင်၊စိမ်းစားသီးပင်၊လောက်စာသီးပင်၊သုံးလုံးတစ်တောင်ပင်၊ရင်ကွဲပင် အစရှိသည့် မြောက်များစွာသော သရက်တန်းကို ကျော်ဖြတ်လာပြီးနောက် စိမ်းညို့ငြိမ်သက်ပြီး အေးချမ်းမှုအပြည့်ရသော ငှက်ပျောတောကို တွေ့လေသည်။
ငှက်ပျောတောရဲ့အလယ်မှာ ရှိသော ဆီးသီးပင်အောက်ကို ရောက်သော် သုံးယောက်သားထိုင်လိုက်ကြသည်။
ဆီးသီးပင်အောက်မှာ ထိုင်နေစဉ်...
လမင်းငယ် မမနွေရဲ့ မျက်နှာခပ်ချောချောကို ငေးကြည့်နေမိသည်။
ဆံနွယ်တို့ကို စုကာစီးထားသည့် မမနွေရဲ့မျက်နှာက ရှင်းလင်းပြေပြစ်ပြီး ကြည့်လို့ကောင်းသည်။
မမနွေကို ထိုင်ကြည့်နေရတဲ့ ဒီအချိန်လေးကို လမင်းငယ်မကုန်ဆုံးချင်ပေ။
လှပလွန်းတဲ့ ဒီအခိုက်အတန့်လေးကို စာဆိုတွေတောင် စာဖွဲ့လို့ မကုန်နိုင်လောက်ဟု မင်းငယ်ထင်သည်။
"မင်းငယ်...နွေရိပ်ရဲ့ မျက်နှာကို ဘာလို့ခဏခဏကြည့်နေရတာလဲ"
မကြီးမိုးသက်မေက သူ့လက်မောင်းကို လက်ညှိုးလေးနဲ့တို့ကာ ပြောလာသည်။
"မကြီးမိုးသက်! အမချစ်သူထားဖူးလား"
"ထားဖူးတာပေါ့ဟ...အခုတော့ မရှိဘူး...ဘာလဲရှာပေးမို့လား"
"သူများရှာပေးတာကို ဘာလုပ်မာလဲ အမရ...ချစ်သူဆိုတာ ကိုယ့်ဘာသာရှာရတယ်...ကိုယ့်ရင်ထဲကနေ ပေါ်ပေါက်လာတဲ့ ချစ်ခြင်းတရားတွေကို ကိုယ်ချစ်တဲ့သူကို ပြောပြ...ချစ်ကြောင်းပြော ချစ်ကြောင်းပြ...
သူ့ကိုတန်ဖိုးထား""အေးပါဟာ...ငါ့ရည်စားဟောင်းတောင်လွမ်းလာပြီ"
"ဘယ်တစ်ယောက်လဲ မိုးသက်"
"နင်မသိတဲ့တစ်ယောက်ပါ နွေရိပ်ရာ...ခဏလေးတွဲပြီးပြတ်သွားတော့ နင်နဲ့မိတ်ဆက်မပေးလိုက်ရတာ"

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Romanceမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။