Prologue (U)

1.2K 17 0
                                    

နိဒါန်း

"သမီး ဘာဖြစ်လို့ ဒီကိုလာရတာလဲဆိုတာ သိတယ်။"

မျက်နှာပြည့်ပြည့် သေးသေးလေးတွင် အမူအရာဆိုတာ ခြေရာတောင်ရှာမရသည့် ကလေးမလေးက ပြောခဲ့သည်။

သူ့ခမျာ သုံးရက်တိုင်တိုင် မှောင်မှောင်မှိုင်းမှိုင်းအခန်းထဲတွင် ထိန်းသိမ်းခံထားခဲ့ရပြီး သေချာရေချိုးသန့်စင်ခြင်းပင်မပြုနိုင်ဘဲ ယိမ်းထိုးအသံမြည်နေသည့် ဗန်ကားပေါ် တက်လာခဲ့ရခြင်းဖြစ်သည်။

ဆာလောင်မှုကြောင့် သူ့ဗိုက်ထဲက အသံမြည်ခဲ့ပြီး သေးသေးကွေးကွေး ခန္ဓာကိုယ်တွင် နွမ်းရိနေသည့် အဝတ်အစားများ ဝတ်ထားသော သူ့ပုံစံလေးက နွမ်းဖပ်ဖပ်ဖြစ်နေတော့၏။ ကားစီးလာသည့် တစ်လျှောက်လုံးတွင် ကလေးမလေးက မျက်လုံးကို ပြူးနေအောင် ဖွင့်ထားခဲ့သည်။

အဖြူရောင်နံရံကပ်စက္ကူများ ပတ်ပတ်လည်ကပ်ထားသည့် နေရာထဲသို့ အပို့ခံလိုက်သည်မှာ အတန်ပင်ကြာခဲ့လေပြီ။ ကလေးမလေးက ခဏတဖြုတ်နားရန်ကိုပင် ငြင်းဆန်ခဲ့သည်။ တောင့်တောင့်မတ်မတ်ရှိနေသည့် သူ၏ လည်တိုင်တွင် ပြေလျော့သွားမည့်အရိပ်အယောင်ဟူ၍ တစ်စက်ပင်မတွေ့ရချေ။

အဖြူရောင် ဂျူတီကုတ် ဝတ်ထားသည့် စိတ်ရောဂါကုထုံးပညာရှင်နှင့် မျက်နှာချင်းဆိုင်ရှိနေရာက ဆရာဝန် ဘောပင်ဖြင့် ရေးမှတ်နေချိန်တွင် ကလေးမလေးက ခြောက်သွေ့အက်ကွဲနေသည့် သူ့နှုတ်ခမ်းများကိုသာ ကိုက်ဝါးနေခဲ့သည်။

"မိဘမဲ့ဂေဟာက ကလေးတွေနဲ့ ရန်ဖြစ်ခဲ့ပေမဲ့ ခြစ်ရာတစ်ချက်မရှိဘဲ ထွက်လာခဲ့တာ။ သမီး ငိုတောင်မငိုဘူး..."

"ဟုတ်လား။"

ဆရာဝန်က ငွေရောင်ဘောပင်ဖြင့် တစ်စုံတစ်ရာကို ရေးလိုက်သည်။

"ဒါပေမဲ့ မင်းကြည့်ရတာလည်း တော်တော်လေး ထိခိုက်ထားပြီး နာကျင်နေသလိုပဲနော်။"

"ဒါလား။ တစ်စက်လေးတောင် မနာပါဘူး။"

"ဒီဒဏ်ရာတွေဆိုတာ အဲ့ဒီလောက်လည်း ထွေထွေထူးထူးမဟုတ်ဘူးလေ။ ဆရာမက ဒီလိုဘာမဟုတ်တာလေးကို ပိုပိုကဲကဲတွေ လုပ်နေတာတွေ့တော့ ရယ်စရာကောင်းတာပဲလို့တောင် ထင်မိသေးတယ်။ အဲ့ဒီဆရာမက ငပျော့လေးပဲဖြစ်မယ်..."

Merry Psycho (MM Translation)Where stories live. Discover now