ကိုယ် လုံးဝဂရုမစိုက်ဘူး လုံးဝ
လျစ်လျူရှုထားမယ်လို့တွေးထားတာတောင်
မင်းဆီကနေ စကားတစ်ခွန်းကြားတိုင်း
ကိုယ့်ရင်ကို ဓားထက်ထက်နဲ့ တစ်ချက်ချင်း
မွှန်းနေသလိုပဲ ခံစားရတယ်
အရမ်းနာကျင်နေရတာကို အပြုံးနဲ့
နားထောင်ပေးနေရတယ်
ကိုယ်က မနေတတ်တာလား
မနေနိုင်သေးတာပဲလား
မင်းသိစေဖို့ မမျှော်လင့်ထားပေမယ့်
တချိန်တည်းမှာလည်း သိစေချင်ပြန်တယ်
မင်းသိသွားရင် စိတ်မကောင်းဖြစ်လေမလား
ဆိုပြီး ကိုယ် စိုးရိမ်မိပြန်တယ်
မသိရင်လည်း ကိုယ့်ခံစားချက်ကို
သိနားလည်ပေးဖို့ မျှော်လင့်မိနေပြန်ရော
ခံစားချက်တွေကြားမှာ ရုန်းကန်နေရတဲ့
ကိုယ် ရူးတော့မယ်
နောက်ဆုံးသိတာတစ်ခုကတော့
မင်းကို အားလုံးထက် ပျော်စေချင်တယ်
စိတ်ချမ်းသာစေချင်တယ်
ကိုယ် ဘာကိုမှမရခဲ့ရင်တောင်ပေါ့
ပြီးတော့ ကိုယ်မင်းကိုချစ်တယ်
ဒါလေးတစ်ခုပဲ မင်းသိထားရင်
ကိုယ် ကျေနပ်ပါပြီ