ထို 'ပရောဂျက်' ဆိုသည့် စကားလုံးမှာ မီးခလုတ်လေး တစ်ခုလိုပင် ဖေယို့၏ သိမြင်ခံစားလွယ်တဲ့ အာရုံကြောများအား နိုးနိုးကြားကြား ဖြစ်သွားစေသည်။
သူ့မျက်နှာအမူအရာမှာ တဖြည်းဖြည်း ရေသေပမာ တည်ငြိမ်လာပြီး သူသည် လျိုရှင်းတစ်ယောက် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိနိုင်ဟု သူ ခံစားရကာ ရွေးထုတ်ထားသည့် ပရောဂျက်များအား ကြည့်လိုက်လေသည်။
"ဘာပရောဂျက်တဲ့လဲ?"
ဖေယို့သည် ပရောဂျက် ကမ်းလှမ်းချက်များအား ကျိုးချင်ပေါ် ထံ ကမ်းပေးလိုက်လေသည်။
"ဒီထဲမှာ ပါနေမလားလို့ တစ်ချက်လောက် ကြည့်ကြည့်ပါဦး"
ကျိုးချင်ပေါ် သည် ထိုဖိုင်ရှိ ပရောဂျက် ခေါင်းစဉ်များအား ခပ်သော့သော့လေး ကြည့်လိုက်ပြီးနောက် တွန့်ဆုတ်သွားဟန်ဖြင့် ပြောလာသည်။
"တကယ်တော့ , ကိုယ်..."
သူ စားမဆုံးခင်မှာပင် တံခါးအပြင်ဘက်မှ အလောသုံးဆယ် ခြေသံများအား ကြားလိုက်ရလေသည်။ ဖေယို့နှင့် ကျိုးချင်ပေါ် မှာ အလိုလို တိတ်ကျသွားပြီး သူတို့၏ ခေါင်းများမှာ မတိုင်ပင်ပါဘဲ တံခါးဘက်သို့ လှည့်သွားကြသည်။
အပြင်ဘက်သို့ တစ်ဝက်မြင်နိုင်သည့် မှန်နံရံမှာ အပြင်ဘက်ရှိ လူ၏ ဝိုးတဝါး ပုံရိပ်အား လှစ်ဟပြလာလေသည်။ ကျိုးချင်ပေါ် နှင့် ဖေယို့မှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး အလိုက်တသိဖြင့် ထိုဖိုင်တွဲအား ဖေယို့ဘက်သို့ ပြန်တွန်းပို့လာလေသည်။
သူတို့ထဲမှ မည်သူကမှ စကားမဆိုမိကြပါချေ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် လူရိပ်တစ်ခုမှာ တံခါးပေါက်နား၌ ပေါ်၍ လာလေသည်။ လျိုရှင်းမှာ လက်ဆွဲအိတ်တစ်လုံးဖြင့် တံခါးပေါက်ဝနားတွင် ပြုံးဖြီးဖြီး မျက်နှာပေးဖြင့် ရပ်နေကာ တံခါးအား ခေါက်၍လာသည်။
"မစ္စတာကျိုး၊ မစ္စတာဖေ"
လျိုရှင်းမှာ သူတို့အား နွေးထွေးပျူငှာစွာ နှုတ်ဆက်လာပြီး သူ၏ မျက်နှာထက်တွင်တော့ ပြုံးပန်းတစ်ထောင်ဝေနေသည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
Любовные романыDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...