Chapter:51
သူမ သူ့ကိုရိုက်ရဲလား။
လန်ယဲ့ကျင်သည် ဒေါသထွက်လွန်း၍ စားပွဲကို လှန်ပစ်ချင်နေချေပြီ။သို့သော် ခုခံနိုင်စွမ်းမရှိတဲ့ သူ့ခန္ဓာကိုယ်သေးသေးလေးဟာ အခုဆို အမျိုးသမီးတစ်ဦးရဲ့လက်ထဲတွင် လူးလူးလိမ့်လိမ့်နစ်မြှုပ်လျက်သာ။ သူ လုံးဝ ပြန်မတိုက်နိုင်တော့ဘူး!
ထုန်လုကတော့ သူ့ရဲ့ဝုန်းဒိုင်းကြဲမှုကို မမှုခဲ့ပေ။ နောက်ဆုံးတော့ သူက ကလေးသာသာပဲရှိသေး၏။ သူစိမ်းတစ်ယောက်ကို သံသယဝင်ပြီး ဝုန်းဒိုင်းကြဲနေတာက ပုံမှန်ပါပဲလေ။ ကောင်လေးကို အမြန်ရေချိုးပေးပြီးနောက် ပုဝါကို ဆွဲယူကာ လွှားခြုံပေးလိုက်သည်။ ထို့နောက် သူ့ကို ရေချိုးခန်းထဲမှ ပွေ့ချီလာကာ ကုတင်ပေါ်ချလိုက်ရင်း သူ့ဆံပင်ကို လေမှုတ်စက်ဖြင့် အခြောက်ခံပေးလိုက်သည်။
လန်ယဲ့ကျင်သည် မှုန်ကုပ်ကုပ်မျက်နှာထားဖြင့် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူမလုပ်ချင်သမျှအား လုပ်ခွင့်ပေးလိုက်ရတော့သည်။ သူအတော်ပင် စိတ်ပျက်သွားတဲ့ပုံ။
တစ်သက်လုံးလုံးမှာ ဘယ်သူမှ သူ့ကို ဒီလိုအတင်းအကြပ် မလုပ်ပေးဖူး။သို့ပေမယ့် ယခုတွင် ဤမိန်းမက စိတ်တိုင်းကျ သူ့အား အလိုလိုကောက်ချီနိုင်ပြီး ပါးကို လိုသရညှစ်နိုင်ချေပြီ။
ဒါဟာ ကြီးမားတဲ့ အဆင့်နှိမ့်ချမှုတစ်ခုလိုပင်။ သူ့လို မာနကြီးပြီး ကြီးစိုးတဲ့လူက အဲဒါကို လိုက်လျောညီထွေဖြစ်အောင် နေနိုင်ပါ့မလားလေ?ဤအချိန်တွင် အတွင်းရေးမှူးယွီ၏စကားကိုနားမထောင်မိဘဲ အခြားသူများကဲ့သို့ဒီအမျိုးသမီးအား အိမ်ကြီးမှ မနှင်ထုတ်ခဲ့လိုက်မိခြင်းအတွက် သူအတော်နောင်တရနေပြီ။
လန်ယဲ့ကျင်သည် ခေါင်းကိုမော့ကာ ဒေါသနဲ့ပြည့်နှက်နေတဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေဖြင့် ထုန်လုကို မကျေမနပ်စိုက်ကြည့်နေလေ၏။
ခြောက်သွားပြီး ဖြစ်တဲ့ ကောင်လေးရဲ့ ဆံပင်တွေကို ပွတ်သပ်ရင်း ထုန်လုက နူးညံ့စွာ မေးသည်။ "ကလေးလေး၊ လိမ်မာတဲ့ကလေးလေး အန်တီ့ကိုပြောပြပါဦး မင်းနာမည်ဘယ်လိုခေါ်လဲလို့"