အပိုင်း၃၅ပိုင်းပါဝင်ပါတယ်။ အစအဆုံးပြီးတဲ့ficလေး pdf file or gp linkရပါတယ်။
မမနဲ့မောင် အချစ်ရိုမန့်ဇာတ်လမ်းလေးကို
princess lay accတွင် လာဝယ်နိုင်ပါပြီ။စာမြည်း....
ပန်းပင်ရေလောင်းနေတဲ့ ရနံ့ကို အိမ်ရှေ့မှဖြတ်မောင်းသွားသော ဆိုင်ကယ်ပေါ်က လူငယ်တချို့က ဟေးလားဝါးလားစနောက်၍သွားလေသည်။ ဒါကို ငါးနှစ်အရွယ် တူလေး ရဲရဲက သွားလေးပေါ်အောင်ရယ်ကာ ရနံ့ရဲ့မျက်နှာကို လှမ်းကြည့်၍....
"တွေ့လား...အဲ့တာ တီတီ့ကို မျက်စိကျနေလို့"
"ပေါက်ကရတွေ ..."
"သားသားသိတာပေါ့၊ ကောင်လေးတွေက ကောင်မလေးတွေကို လှမ်းအော်ရင် ပိုးပန်းတာတဲ့"
"ကြည့်စမ်း...ဒီစကားတွေက ဘယ်ကဘယ်လိုတက်လာရတာလဲ..ရဲရဲ...နင်နော်"
"ဟီးဟီး...ဒီလိုပဲ...."
"သားသားတောင် နင့်ကို အပျိုကြီးဘဝကကျွတ်ပြီး
ကောင်လေးရစေချင်ပြီထင်တယ်..ဟားဟား""အောင်မယ်... သူ့သားဘက်က"
ရေပိုက်ကြီးကိုင်၍ ရနံ့တစ်ယောက် မျက်နှာလေးမှုန်ကုပ်ကုပ်ရှိနေတော့သည်။အသက်နှစ်ဆယ့်ကိုးနှစ်ရှိပြီဖြစ်တဲ့ ရနံ့ကိုတဆွေလုံးတမျိုးလုံးက အပျိုကြီးမမဟုဝိုင်းနောက်တက်သည်။ ဒါတွေအကုန်လုံးတရားခံက ရနံ့ရဲ့မောင်ကြောင့်ပေါ့။ သင်းက အသက်ဆယ့်ရှစ်နဲ့မိန်းမယူပြီးကလေးမွေးထားတော့ ဒီအစ်မက အပြောခံရပြီ။
"ဟားဟား...တီတီရှက်သွားပြီကွ"
"ကောင်ဆိုးလေး..နင်တော့နော်"
"တီတီက ယောကျာ်းလိုချင်ဘူးလား''
"ဟဲ့.."
တူအရီးနှစ်ယောက် ရန်ဖြစ်နေတာကိုကြည့်ပြီး အိမ်ပေါ်ကလူတွေက ရယ်ကြသည်။
"သင်္ကြန်ရက်ဆိုတော့ လူငယ်တွေက ပျော်ကြတာပေါ့၊ ဒါကိုဗွေယူလို့မရဘူး "
"နောက်ဆုံးရက်ဆိုတော့ ပိုကဲနေကြတာ"
"ဒီနှစ်ပိုစည်တယ်နော်...ကလေးတွေလည်း
ရန်ကုန်မှာဘယ်လောက်ပျော်ဖို့ကောင်းကောင်း သင်္ကြန်ကျတာနဲ့ကိုယ့်မြို့လေးကိုပဲ ပြန်လာကြတာ"