အခန်း(၁၈)
မင်းမျက်ရည်တွေကိုသုတ်လိုက်။
Long Feiye မှာ နောက်ပြန်လှည့်ကြည့်လိုက်လျှင် Han Yunxi မှာ မျက်နှာတွင် မျက်ရည်များစီးကျနေပြီး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
Long Feiye မှာ ဟန်ဆောင်တတ်သော အမျိုးသမီးများကို အမုန်းဆုံးဖြစ်သော်လည်း Han Yunxi ကို ဤကဲ့သို့ မြင်လိုက်ရသည့်အတွက် ဘာကြောင့်မှန်းမသိ နှလုံးသားတွင် အမှန်တကယ်ပင် နာကျင်နေခဲ့သည်။
ဖော်မပြနိုင်သော ရင်းနှီးကျွမ်းဝင်မှု၏ ခံစားချက်မှာ သူ၏ နှလုံးသားထဲသို့ တိုးဝင်လာပြီး မသိစိတ်ဖြင့် ပြန်လှည့်ကာ လမ်းလျှောက်လာလေသည်။
Gu Qishao နှင့် Ning Cheng တို့မှာ မျက်နှာတွင် သံသယများဖြင့် သူတို့ကို ကြည့်နေကြသည်။ ဦးနှောက်လှိုင်းဂရပ်ကို အာရုံရောက်နေသည့် Gu Beiyue ပင် လှည့်ကြည့်လာကာ အလွန် ရှုပ်ထွေးနေဟန်တူသည်။
ဒီလူနှစ်ယောက် ဘာဖြစ်သွားတာလဲ။
Long Feiye မှာ ဆေးရုံကုတင်ဘေးတွင် ရပ်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ Han Yunxi ကို ငုံ့ကြည့်ရင်း သတိရရန် ကြိုးစားနေသည်။
ထိုအချိန်တွင် Han Yunxi မှာ နိုးလာလေသည်။
သူမ ထိုကဲ့သို့ အိပ်မက်မျိုး ဘာကြောင့် မက်နေသည်လဲ မသိတော့သကဲ့သို့ သူ၏ နာမည်ကို ဘာကြောင့် ခေါ်မိမှန်းတောင် မသိပေ။Long Feiye မှာ သူမက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းဖြစ်မည်ဟု ထင်နေတော့မည်မှန်း စဥ်းစားမိကာ Long Feiye မှ သူမအား စိုက်ကြည့်နေလျှင် အလွန်ရှက်ရွံ့သွားတော့သည်။ သူမ၏ မျက်ရည်များကို အလျင်အမြန်သုတ်ပြီး လျောချလိုက်သည်။ "Long Feiye၊ ရှင် ကျွန်မကို ဒီလို တိုက်ထားပြီးတော့ ဒီအတိုင်းထားခဲ့မှာလား။"
Long Feiye မှာ နောက်ဆုံးတော့ ပြန်၍ သတိဝင်လာသည်။ သူက သူမကို စက်ဆုပ်စွာကြည့်ကာ အေးစက်စက်ပြောလိုက်သည်။ " မင်းရဲ့မျက်ရည်တွေကို သုတ်လိုက်တော့။ မင်းအတွက် တစ်စုံတစ်ယောက် က အပြည့်အဝ တာဝန်ရှိတယ်။"
Han Yunxi ၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး စိတ်မသက်မသာ ခံစားလိုက်ရတော့သည်။

YOU ARE READING
မြင်မြင်ချင်း အချစ်
Romanceဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။