အခန်း(၂၃)
အစုလိုက် အပြုံလိုက်။
ဝေ့ပေါ် အသုံးပြုသူများကို အကြမ်းဖျင်းအားဖြင့် သုံးမျိုး ခွဲနိုင်သည်။ တစ်ဦး၏ကိုယ်ပိုင် ကိစ္စများကိုမျှဝေခြင်း၊ အခြားသူများ၏ ကိစ္စများကို အတင်းအဖျင်းပြောခြင်း၊ အလုပ်အရည်အချင်းများဖြင့် သတ်မှတ်ထားသောလုပ်ဆောင်မှုများပင်။
Long Feiye မှာ အလုပ်များသူဖြစ်ပြီး ဝေ့ပေါ် အတွက် အချိန်မရှိပေ။ ထို့အပြင် သူ၏ စိတ်နေစိတ်ထားဖြင့် အသုံးပြုရန်မှာ မဖြစ်နိုင်ပေ။ အသေအချာပင် Tang Li မှာ Long Feiye ၏ စိတ်နေစိတ်ထားကို နားလည်သော်လည်း ရှာဖွေမှုစာရင်းမှာ အလွန်အတုအယောင်ဖြစ်ပြီး သည်းထိတ်ရင်ဖိုစရာဖြစ်နေသည်။
အနေအထားကို ပြောင်းလဲနေသည့် ခေါင်းစဉ်များမှာ ထိပ်တန်းဆယ်ခုကို သိမ်းပိုက်ထားပြီး ၎င်း၏ကျော်ကြားမှုမှာ ကျဆင်းသွားသည့် လက္ခဏာမရှိပဲ မြင့်တက်လာဆဲဖြစ်နေသည်။ စာရင်းကို သိမ်းပိုက်ခြင်းဟု ခေါ်ဆိုခြင်းထက် စာရင်းကို အပိုင်စီးထားခြင်းဟု ဆိုနိုင်သည်။
ဤအပြုအမူမျိုးမှာ Long Feiye ၏ပုံစံနှင့် အလွန်ဆင်တူသည်။ ထို့ကြောင့် Tang Li မှာ မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့ခြင်းပင်။
"ဝေ့ပေါ် မှာ ဘာဖြစ်နေလို့လဲ။" Long Feiye မှာ အေးစက်စွာမေးလိုက်သည်။
၎င်းကိုကြားလျှင် Tang Li မှာ တုံ့ဆိုင်းသွားတော့သည်။ သူ့ရဲ့ သံသယက မှားနေတာလား။
"ဘာကိစ္စရှိလို့လဲ။" Long Feiye မှာ ထပ်မံ မေးလိုက်ပြန်သည်။ သူက အရမ်းအလုပ်များနေပြီး Tang Li နှင့် အချိန်မဖြုန်းချင်မှန်း သိသာလှသည်။
"ငါ မင်းကို စခရင်ရှော့ပုံ ပို့ပေးမယ်။"
Tang Li မှာ ဖုန်းကို ချလိုက်ပြီး မနေ့ညမှ ဝေ့ပေါ်ရှိ ရေပန်းစားနေသည့် အကြောင်းအရာများနှင့် ဤမနက် ရှာဖွေမှုစာရင်းများ၏ စခရင်ရှော့ပုံများကို Long Feiye ထံ WeChat မှတစ်ဆင့် ချက်ချင်း ပေးပို့လိုက်သည်။
မနေ့ညတွင် ရေပန်းစားနေခဲ့သည့် ရှာဖွေမှု
အကြောင်းအရာမှာ Long Feiye နှင့် Han Yunxi တို့ဖြစ်သည်။ ယနေ့နံနက်တွင် ထိုအကြောင်းအရာမှာ ဖိနှိပ်ခံလိုက်ရပြီး Gu Qishao နှင့် Han Yunxi ဖြစ်လာခဲ့သည်။

YOU ARE READING
မြင်မြင်ချင်း အချစ်
Romanceဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။